မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၁,၃၃၀ ယောက် ထပ်တိုးပါတယ်။ သေဆုံးသူကလည်း နောက်ထပ် ၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၂၃ ယောက်က တခြားရောဂါအခံရှိသူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ စုစုပေါင်း ဓါတ်ခွဲနမူနာက ၁၇,၃၄၇ ခုဖြစ်ပါတယ်။
ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၀၇၀ ဦး ထပ်တိုးပြီး စုစုပေါင်း ၆၃,၃၆၆ ဦး ရောဂါပျောက်ကင်းသွားပြီဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက် ဒီနေ့အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၈၃,၅၆၆ ယောက် သေဆုံးသူ စုစုပေါင်း ၁,၈၁၀ ယောက်ဖြစ်ပါတယ်။
အခုရက်ပိုင်းတွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာသစ်တွေထဲမှာ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်း တာဝန်ယူခဲ့သူ မဲရုံဝန်ထမ်းတချို့လည်း ပါဝင်ပါတယ်။
ဂျပန်မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့လည်း ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5675998.html

No comments:
Post a Comment