မြန်မာ COVID-19 ကူးစက်သူ ၇၆,၄၀၀ ကျော်၊ သေဆုံးသူ ၁,၇၀၀ နီးပါးရှိပြီ

ကိုဗစ်ကြောင့် သေဆုံးသွားသူကို သဂြိုဟ်နိုင်ရေးစီစဉ်နေကြစဉ်။ (အောက်တိုဘာ၁၇၊၂၀၂၀။ ရန်ကုန်။

ဓာတ်ခွဲနမူနာပေါင်း ၁၆,၉၉၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၉၈၆,၂၆၇ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၆၉၅ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၇၆,၄၁၄ ဦး ရှိသွားပါပြီ။

( ZAWGYI/UNICODE) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၃၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၇ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဓာတ်ခွဲနမူနာပေါင်း ၁၆,၉၉၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၉၈၆,၂၆၇ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၆၉၅ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၇၆,၄၁၄ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၉၆၈ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၅၆,၆၀၁ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက် ပိုများလာသလို စစ်ဆေးတွေ့ရှိတဲ့ ရောဂါပိုးကူးစက်သူ အရေအတွက်လည်း ပိုတိုးလာနေပါတယ်။တစ်ရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် ၁,၆၀၀ နီးပါးထိ ရှိလာတာကလည်း ၄ ရက်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၉% ရှိပြီး ပြန်ကောင်းလာသူ ၇၄% ၊ သေဆုံးနှုန်းက ၂.၂% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။ ဒီနှုန်းတွေအရဆိုရင် ပိုးတွေ့နှုန်း တိုးလာတာကို တွေ့ရပြီးတော့ ပြန်ကောင်းတဲ့နှုန်းနဲ့ သေဆုံးနှုန်းတွေက သိသိသာသာ အပြောင်းအလဲမရှိသေးပါဘူး။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid19-/5670227.html

မြန်မာ COVID-19 ကူးစက်သူ ၇၆,၄၀၀ ကျော်၊ သေဆုံးသူ ၁,၇၀၀ နီးပါးရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၇၆,၄၀၀ ကျော်၊ သေဆုံးသူ ၁,၇၀၀ နီးပါးရှိပြီ Reviewed by THITHTOOLWIN on 00:06 Rating: 5

No comments:

Powered by Blogger.