မြန်မာ COVID-19 ရောဂါကူးစက်သူ ၇၅,၀၀၀ နီးပါးရှိပြီ

ကိုဗစ်ရောဂါပိုး စစ်ဆေးနေသည့်မြင်ကွင်း (အောက်တိုဘာ ၁၃၊၂ဝ၂ဝ)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၇၅,၀၀၀ နီးပါးရှိသွားပြီဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ဒီနေ့မှာ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ ၁,၅၆၀ ထပ်မံတွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၄,၈၈၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၂၆ ယောက် ရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်းဟာလည်း ၁,၆၇၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၉၅၄ ခုကို စစ်ဆေးခဲ့ပြီး၊ အခုဆိုရင် ဓာတ်ခွဲနမူနာပေါင်း ၉၆၉,၀၀၀ ကျော် စမ်းသပ် စစ်ဆေးခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ဆေးရုံကဆင်းခွင့်ရသူ ၈၆၉ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းလာသူဦးရေဟာလည်း ၅၅,၆၃၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ပြည်ပက ပြန်လာသူ ၁၀ ယောက်အပါအဝင် စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၁,၅၉၂ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၉၃၅ ယောက် နဲ့အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ၂၀၇ ယောက် နဲ့ ဒုတိယ ၊ မန္တလေးတိုင်းက ၁၇၅ ယောက်နဲ့ တတိယအများဆုံးဖြစ်သလို ဧရာဝတီတိုင်းက ၁၃၁ ယောက် ပါဝင်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update/5668877.html

မြန်မာ COVID-19 ရောဂါကူးစက်သူ ၇၅,၀၀၀ နီးပါးရှိပြီ မြန်မာ COVID-19 ရောဂါကူးစက်သူ ၇၅,၀၀၀ နီးပါးရှိပြီ Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.