မြန်မာ COVID-19 ရောဂါကူးစက်သူ ၆၅,၅၉၈၊ သေဆုံးသူ ၁,၅၀၈

ကိုဗစ် သံသယလူနာတွေကို Quarantin စင်တာဆီသို့ ကူညီပို့ဆောင်ပေးတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ၆၅,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁,၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၂၅၀ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံထားရသူ ၁,၁၄၅ ယောက်ရှိတယ်လို့ ကျန်းမာရေ နဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၆၅,၅၉၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂၈ ယောက် ထပ်မံသေဆုံးခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁,၅၀၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့ သေဆုံးတဲ့သူတွေထဲက ၁၉ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ဆေးရုံက ဆင်းခွင့်ရသူ ၁,၀၃၁ ယောက်ရှိတဲ့အတွက် ရောဂါသက်သာပျောက်ကင်းသူဦးရေဟာ ၄၉,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၂၁၂ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ပြည်ပက ပြန်လာပြီး အသွားအလာကန့်သတ်ထားရှိသူ ၄ ယောက်ပါဝင်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၉၆၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၅၃ ယောက်နဲ့ ဒုတိယ၊ ဧရာဝတီတိုင်းက ၄၉ ယောက်နဲ့ တတိယအများဆုံးဖြစ်ပြီးတော့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ၄၄ ယောက်နဲ့ စတုတ္ထအများဆုံးဖြစ်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case/5658067.html

မြန်မာ COVID-19 ရောဂါကူးစက်သူ ၆၅,၅၉၈၊ သေဆုံးသူ ၁,၅၀၈ မြန်မာ COVID-19 ရောဂါကူးစက်သူ ၆၅,၅၉၈၊ သေဆုံးသူ ၁,၅၀၈ Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.