COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။
"ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတွေ ရှိတဲ့ သတင်းတွေကြောင့် ကပ်ရောဂါကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်အလင်းတန်းကို မြင်နေရပါပြီ။ ကာကွယ်ဆေးနဲ့အတူ တခြားကျန်းမာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်တော့မှာပါ။" လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့တာပါ။
နိုင်ငံတကာအနေနဲ့ ကာကွယ်ဆေး ရယူ၊ ဖြန့်ဖြူးနိုင်ရေး စံနှုန်းအသစ်တွေ ချမှတ်ထားဖို့ အရေးတကြီး လိုအပ်လိမ့်မယ်လို့လည်း Tedros က ပြောပါတယ်။
COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတဲ့ တိုးတက်မှုတွေရှိနေသလို WHO ရဲ့ အားပေးကူညီမှုနဲ့ နောက်ထပ် ကာကွယ်ဆေးတွေကို စမ်းသပ် ထုတ်လုပ် သွားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း WHO သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan ကပြောပါတယ်။
ဒီသီတင်းပတ်တွေအတွင်း COVID-19 ကူးစက်မှုနှုန်းသိသိသာသာ မြင့်တက်လာနေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့က သတိပေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/who-covid-vaccine/5674420.html

No comments:
Post a Comment