မကြာခင်ထွက်လာတော့မယ့် COVID-19 ကာကွယ်ဆေး မျှမျှတတ ဖြန့်ဖြူးဖို့ လိုအပ် (WHO အကြီးအကဲ)

World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အတည်ပြုချက် ကျတော့မယ့်အနေထားတွေ့နေချိန်မှာပဲ ဒီကာကွယ်ဆေး ဖြန့်ဖြူးရေးမှာ တန်းတူညီမ ျှဖြစ်အောင် နိုင်ငံတကာ အသိုင်းဝိုင်းက လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာပန်ကြားလိုက်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA နဲ့ ဥရောပဆေးဝါးဆိုင်ရာ စည်းမျဉ်းဥပဒေချမှတ်သူတွေ အတည်ပြုပေးဖို့ တင်သွင်းထားတဲ့ အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေးအပါအဝင် ဒီရောဂါကာကွယ်ဆေးထုတ်လုပ်မှုမှာ လတ်တလော အောင်မြင်တိုးတက်မှုရှိလာတာအတွက် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ဂုဏ်ပြုချီးကြူးလိုက်ပါတယ်။

ကာကွယ်ဆေးထုတ်တဲ့ သမိုင်းမှာ အခုလို ကာကွယ်ဆေးတမျိုးကို အမြန်ဆုံးထုတ်နိုင်တာ ဒါပထမဆုံ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီကာကွယ်ဆေးအသစ်ကို ကမ္ဘာတလွှား ဖြန့်ဝေရာမှာ တန်းတူညီမ ျှမှု ရှိအောင် စံအသစ် သတ်မှတ်ရမှာ ဖြစ်ပြီး နိုင်ငံ့အစိုးရတိုင်းက သူတို့နိုင်ငံအတွက်ပဲ ဦးစားပေးချင်မှာ ဖြစ်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေမှာပါ ရရှိအောင်လုပ်ဖို့လည်း အခုလိုပန်ကြားခဲ့ပါတယ်။

"ကာကွယ်ဆေး ထုတ်နိုင်ဖို့ အရေးတကြီး လုပ်ဆောင်ခဲ့ရသလိုပဲ ဒီဆေးကို မ ျှမ ျှတတ ဖြန့်ဝေ ပေးဖို့လည်း အလားတူ အရေးအကြီး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တာပါ။

WHO အဖွဲ့ကြီးဟာ ဒီနှစ်ဆန်းပိုင်းမှာပဲ တခြားအဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီး ဒီရောဂါအတွက် အရှိန်မြှင့် ဆောင်ရွက်မယ့် Access to COVID-19 Tools (ACT) အစီစဉ်ကို ချမှတ်ခဲ့သလို COVAX ခေါ် ကာကွယ်ဆေး အားလုံးညီတူညီမ ျှ ရအောင် လုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက် တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ ဒီအဖွဲ့ထဲမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ပါဝင်လာပြီ ဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/tedros-says-same-commitment-to-creating-vaccines-should-go-into-equitably-distributing-them/5674228.html

မကြာခင်ထွက်လာတော့မယ့် COVID-19 ကာကွယ်ဆေး မျှမျှတတ ဖြန့်ဖြူးဖို့ လိုအပ် (WHO အကြီးအကဲ) မကြာခင်ထွက်လာတော့မယ့် COVID-19 ကာကွယ်ဆေး မျှမျှတတ ဖြန့်ဖြူးဖို့ လိုအပ် (WHO အကြီးအကဲ) Reviewed by THITHTOOLWIN on 09:50 Rating: 5

No comments:

Powered by Blogger.