COVID-19 ရောဂါ တာဆီးကာကွယ်နိုင်ရေးအတွက် ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရောဂါပိုးစစ်ဆေးပြီး NEGATIVE အဖြေထွက်မှသာ NEGATIVE အတည်ပြုကဒ်များ ထုတ်ပေးပြီး ဆက်လက်သွားလာခွင့် ပေးလျက်ရှိရာ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် COVID-19 Antigen Rapid Diadnostic Test (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ် ကိုင်ဆောင်သူများအား စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ည ၆ နာရီအချိန် ကွင်းဆက်တရားခံ ရန်လင်းဦး ၃၅ နှစ်၊ xxxx ဂိတ်(ဂိတ်မှူး)၊ ပျော်ဘွယ်မြို့နေသူအား မြင်းဘက်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင်ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်စစ်မေးရာ ၎င်းစာရွက်အလွတ်များအား ထက်အောင်(၂၆)နှစ်၊ ကွန်ပျူတာ/မိတ္တူဆိုင်၊ ပျော်ဘွယ်မြို့နေသူထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ထက်အောင်အား ၂၆-၁၁-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီ ၁၀ အချိန် ၎င်းအလုပ်လုပ်ကိုင်နေသည့် မိတ္တူဆိုင်တွင် ကျန်းမာရေးထောက်ခံစာနှင့် စည်းတံဆိပ်တုံး အတုများပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
TheMandalayNewsJournal

No comments:
Post a Comment