မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၀,၃၄၈ ဦး၊ သေဆုံး ၁,၃၉၆ ဦး

ရန်ကုန်မြို့မှာ COVID-19 သံသယလူနာတွေကို ကွာရမ်တင်းစင်တာ ပို့ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၆၀,၀၀၀ ကျော်သွားပါပြီ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၁၇၃ ခုကို စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါကူးစက်သူ ၁,၀၇၁ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၆၀,၃၄၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူက အယောက် ၂၀ ထပ်တိုးပြီး စုစုပေါင်း ၁,၃၉၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုထပ်တိုးတဲ့ သေဆုံးသူတွေထဲမှာ ၁၇ ဦးက ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အခုချိန်ထိ စစ်ဆေးပြီးသမျှ ဓာတ်ခွဲနမူနာပေါင်းကတော့ ၇၈၀,၅၇၂ ခု ရှိသွားပါပြီ။ ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံက ဆင်းခွင့်ရသူ ၁,၃၈၉ ဦး ထပ်တိုးတာကြောင့် ဆေးရုံကဆင်းသွားသူပေါင်း ၄၄,၆၆၆ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ အရေအတွက်ထဲမှာ ပိုးတွေ့နှုန်း ၇ ရာခိုင်နှုန်း၊ ပြန်ကောင်းသွားတဲ့နှုန်း ၇၄ ရာခိုင်နှုန်းနဲ့ သေဆုံးနှုန်းက ၂.၃ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီနှုန်းထားတွေအရဆိုရင် ပိုးတွေ့နှုန်းနဲ့ ပြန်ကောင်းတဲ့နှုန်း တက်လာနေတာတွေ့ရပြီး သေဆုံးနှုန်းကတော့ သိသိသာသာ လျော့သွားတဲ့ပုံ မရှိသေးပါဘူး။

အခုဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ကိုဗစ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာပါပြီ။ ပထမအများဆုံးက အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်ကတော့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid/5651847.html

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၀,၃၄၈ ဦး၊ သေဆုံး ၁,၃၉၆ ဦး မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၀,၃၄၈ ဦး၊ သေဆုံး ၁,၃၉၆ ဦး Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.