ဆိုင်ထိုင်စနစ်သည် အန္တရာယ်ရှိသေး ဟု ဆရာဝန်ပြော


လက်ရှိအချိန်ထိ ကိုဗစ်-၁၉  မြင့်တက်မှု နှှုန်းရှိနေသေးသဖြင့် ဆိုင်ထိုင်စား ပြန်လည်ရောင်းချမည့်ဆိုပါက အန္တရာယ်ရှိနိုင်ကြောင်း ဒေါက်တာ ဇဝနကို က ပြောဆိုလိုက်သည်။

“ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာန ရဲဆုံးဖြတ်ချက်ကပိုအရေးကြီးပါတယ်။ လူတွေရဲ့စည်းကမ်း ပြန်လည်အားနည်းလာတယ်။ ကျနော်အမြင်ကတော့ အခုချိန်ဖွင့်သေးမယ်ဆိုရင် အန္တရာယ်ရှိသေးတယ် လို့မြင်ပါတယ်” ဟု သျှမ်းပြည်ကုသရေး နှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး  ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကို ပြောသည်။ 

တောင်ကြီးမြို့ အပါအဝင် သျှမ်းပြည်တဝှမ်းလုံးတွင် လက်ဖက်ရည်ဆိုင်များ နှင့် စားသောက်ဆိုင်များ Social distancing နှင့် အညီ ဆိုင်ထိုင်စားသောက်စနစ် ပြန်လည်ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း သျှမ်းပြည် အစိုးရ အဖွဲ့ အစည်းအဝေးမှ သိရသည်။

သို့သော် ယခုအချိန်သည် ကိုဗစ်-၁၉  မြင့်တက်မှု ရှိသေးသဖြင့် သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်နေသည့် လူနာ  ၁၂၅ဦးရှိနေသဖြင့် ဆိုင်ထိုင်စားသောက်စနစ် ပြန်လည်ရောင်းချခွင့် သည် အန္တရာယ်ရှိနိုင်သေးကြောင်း ဆရာဝန်များက ပြောဆိုလိုက်သည်။

သျှမ်းပြည် တွင် စက်တင်ဘာ ၂၅ရက် မှစတင်ကာ ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန်ညွှန်ကြားထားခဲ့ကြောင်းသိရသည်။

ကိုဗစ် -၁၉  ကာလအတွင်း ဆိုင်ထိုင်စားစနစ်ကို ပြန်လည်ဖွင့်ရာတွင် ဖြစ်သင့်၊မဖြစ်သင့်ကို အားလုံးကို  စည်းကမ်းတိကျ နှင့် ဆောင်ရွက်ပေးလိုကြောင်း ဆိုင်ပိုင်ရှင် များကပြောသည်။ 

“ စီးပွားရေးသမား တိုင်က စီးပွားဖြစ်ချင်ကြတာဘဲလေ။ ကိုဗစ်ကိုလည်း လျော့တွက်လို့မရဘူးလေ။ ဒါမဲ့ စည်းကမ်းတစ်ခုတော့ ထုတ်လိုက်ပေါ။ ဥပမာ ဆိုင်တစ်ခုမှာ လူဘယ်နှစ်ယောက်ထက်မပိုစေနဲ့။ ခုန်တွေဘယ်လောက်ကွာထားဆိုပြီး စည်းကမ်းထုတ်လိုက်” ဟု စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ကြည်ကပြောသည်။ 


“ တချို့ ဆိုင်ထိုင်ပေးမစားဘူးဆိုပေ့မဲ့ တချို့ဆိုင်တွေက ဆိုင်ထိုင်းစားခွင့်ပေးထားတယ်။ ပေးဖွင့်တယ်ဆိုရင်လည်း သူစည်းကမ်းနဲ့ထုတ်လိုက်ကွာ ဟု တောင်ကြီးဒေသခံ စိုင်းနော် က ပြောသည်။ 

လက်ရှိ အချိန်ထိ လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်တွင် ဆိုင်ထိုင်စားစနစ် ကို ပြန်လည် ရောင်းချခြင်းမပြုသေး ကြောင်း အစိုးရ အဖွဲ့ဝင် ကပြောသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၅၄ ဦးရှိပြီး ဆေးရုံတက်ထားသည့် လူနာ ၁၂၅ ရှိကြောင်းနှင့် သေဆုံးလူနာ ၁ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


စိုင်းဆိုင်လှိုင်း/သျှမ်းသံတော်ဆင့်

SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ဆိုင်ထိုင်စနစ်သည် အန္တရာယ်ရှိသေး ဟု ဆရာဝန်ပြော ဆိုင်ထိုင်စနစ်သည် အန္တရာယ်ရှိသေး ဟု ဆရာဝန်ပြော Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.