မိုင်းဆတ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲဖျက်သိမ်းပေးဖို့ ပါတီတချို့တောင်းဆို

ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းဆတ်မြို့တစ်နေရာကို မြင်တွေ့ရစဉ်

Photo: Shan Nationalities League for Democracy

ဝဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မိုင်းဆတ်မြို့က နိုင်ငံရေးပါတီ လေးခုက ကော်မရှင်ထံ စာရေးသား တောင်းဆိုလိုက်ပါတယ်။

ဒီကျေးရွာအုပ်စုတွေမှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်မရလို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေမရှိဘူးလို့ ယူဆပြီး အချိန်မီ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ မနေ့ကရက်စွဲနဲ့ စာရေးသားတောင်းဆိုတာလို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် က RFA ကို ပြောပါတယ်။

စာရေးသားတင်ပြခဲ့တဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

ဒီကျေးရွာတွေဟာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး မဲဆွယ်စည်းရုံးရေးအပြင် မဲပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သွားလာလှုပ်ရှားခွင့်မရတဲ့အတွက် မဲရုံတွေပိတ်သိမ်းပေးဖို့ တောင်းဆိုရတာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့် ကပြောပါတယ်။

မိုင်းဆတ်မြို့နယ်ထဲက ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ တောင်းဆိုခံရတဲ့ ကျေးရွာအုပ်စုတွေဟာ မိုင်းထလန်း၊ မိုင်းယွန်း၊ လွယ်လန်းနဲ့ ဆိုက်ခေါင် ကျေးရွာအုပ်စုတို့ဖြစ်ပြီး မဲဆန္ဒရှင် နှစ်သောင်းနှစ်ထောင်ခန့် ရှိပါတယ်။

မိုင်းဆက်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၃၅ ခုရှိတာကြောင့် ဒီမြို့နယ် ၄ ခုကို ရွေးကောက်ပွဲ ဖျက်လိုက်ရင်လည်း ကိုယ်စားလှယ်အရေအတွက် လျော့ကျသွားတာမျိုးမရှိဘူးလို့ စိုင်းကျော်ညွန့် ကပြောပါတယ်။

ရွေးကောက်ပွဲဖျက်သိမ်းပေးဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုတဲ့ ကျေးရွာအုပ်စု လေးခုမှာ မဲရုံပေါင်း ၁၂ ခုရှိပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မိုင်းဆက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်က ရွေးကောက်ပွဲ အောင်နိုင်ထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/request-to-cancel-election-in-four-villages-in-monghsat-11042020075024.html

မိုင်းဆတ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲဖျက်သိမ်းပေးဖို့ ပါတီတချို့တောင်းဆို  မိုင်းဆတ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲဖျက်သိမ်းပေးဖို့ ပါတီတချို့တောင်းဆို Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.