ဒဂုံဆိပ်ကမ်းက အဓမ္မ စေခိုင်းမှု ရှိတယ်ဆိုတဲ့ အလုပ်ရုံ ကိစ္စ လူစုလူဝေး ထပ်ဖြစ်၊ မိုးပေါ် သေနတ် ပစ်ဖောက် ခဲ့ရ

ဓာတ်ပုံ - ကိုမြတ်ကျော်

ဒဂုံဆိပ်ကမ်းမြို့နယ်က ပေါင်မုန့်နဲ့ပေါက်စီလုပ်တဲ့ အလုပ်ရုံအိမ်မှာ  ကလေးငယ်တွေကို အဓမ္မအလုပ်ခိုင်းစေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ (၂၀)ရက် ညပိုင်းက လူစုလူဝေးထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။  

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်ထဲက အဲဒီ အလုပ်ရုံထဲမှာ ပိတ်လှောင်ပြီး အဓမ္မအလုပ်စေခိုင်းခံထားရ တယ် ဆိုတဲ့  ကလေးတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အားမလိုအားမရဖြစ်တယ်လို့ဆိုပြီး  လူအုပ်က အဲဒီအိမ်ကို ဝင်ရောက်ဖို့ကြိုးစားကြတာကြောင့်  ရဲတပ်ဖွဲ့က သေနတ်ကိုမိုးပေါ်ပစ် ဖောက် ပြီး လူစုခွဲဖို့ကြိုးစားခဲ့ရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်းက ဘီဘီစီကို  ပြောပါတယ်။ 

ဓာတ်ပုံ - ကိုမြတ်ကျော်

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး  အဲဒီ ရပ်ကွက် မှာ လူစုလူဝေးတွေ ညနေပိုင်းက တခါ ဖြစ်ခဲ့ပြီး သက်ဆိုင်ရာ က ဖြေရှင်ခဲ့ပေမယ့် ညပိုင်းမှာ တခါ ထပ်မံ လူအုပ်နဲ့ ဝိုင်းဝန်း တာတွေ ဖြစ်လာခဲ့တာပါ။

ညပိုင်း ၁၁ နာရီ ကျော်တဲ့ အချိန်အထိ လူစုခွဲဖို့ကြိုးစားနေသလို ရဲတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရတာတွေရှိပြီး အဲဒီအလုပ်ရုံအိမ်ထဲကိုဝင် ရောက်ဖို့ကြိုးစားလှုံ့ဆော်တဲ့သူတွေထဲက နှစ်ဦးကိုတော့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့  အခုအမှုကိစ္စနဲ့ပတ်သက်လို့ အခင်းဖြစ်တဲ့ နေရာမှာ ရောက်ရှိ ပြီး လူမူရေးကိစ္စတွေဆောင်ရွက်ပေးနေတဲ့ ညီညွတ်သောဒီမိုကရက်တစ်မျိုးဆက်များ(ကြယ်နီ) အဖွဲ့က ကိုမြတ်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ - ကိုမြတ်ကျော်

ညပိုင်းမှာ ထပ်မံ ရောက်လာတဲ့ လူအုပ်က ရပ်ကွက်နေ ပြည်သူလား၊ တခြား နေရာက လူတွေလား ဆိုတာ ည အမှောင်နဲ့ သေချာ မပြောနိုင်ဘူးလို့ ကို မြတ်ကျော်က ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက် တစ်နေ့လုံး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက် တာဝန်ရှိသူတွေက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြေလည် အောင် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ညပိုင်းမှာ လူအုပ်က ထပ်ရောက်လာခဲ့တာလို့ ပြောပါတယ်။

အလုပ်ရုံ အိမ်မှာ လုပ်တဲ့ အလုပ်သမားတွေက ၁၈ ဦး ဝန်းကျင် ရှိပြီး အသက်အပိုင်းအခြား အရ ဆယ်ကျော်သက် အရွယ် အသက်မပြည့်သေးသူတွေ ပါတယ်လို့ သိရပါတယ်။  အခု သူတို့ကို ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးနေပါတယ်။   


ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/BBCnewsBurmese

ဒဂုံဆိပ်ကမ်းက အဓမ္မ စေခိုင်းမှု ရှိတယ်ဆိုတဲ့ အလုပ်ရုံ ကိစ္စ လူစုလူဝေး ထပ်ဖြစ်၊ မိုးပေါ် သေနတ် ပစ်ဖောက် ခဲ့ရ ဒဂုံဆိပ်ကမ်းက အဓမ္မ စေခိုင်းမှု ရှိတယ်ဆိုတဲ့ အလုပ်ရုံ ကိစ္စ လူစုလူဝေး ထပ်ဖြစ်၊ မိုးပေါ် သေနတ် ပစ်ဖောက် ခဲ့ရ Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.