မြန်မာနိုင်ငံသားတွေအပါအဝင် မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ ဒီကနေ့ကစပြီး ဒဏ်ကြေးငွေ ပေးဆောင်ကာ တရားဝင်အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီ ဖြစ်တဲ့အကြောင်း မအေးအေးမာ က တင်ပြထားပါတယ်။
ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ၊ ထိန်းသိမ်းစခန်းတွေက ပြန်လွတ်လာပြီး နာမည်ပျက် စာရင်း မပါဝင်သူတွေကို အလုပ်ရှင်တွေက တရားဝင် ငှားရမ်းခိုင်းစေခွင့် ပြုလိုက်တာပါ။ ဒါပေမဲ့လည်း သူတို့တွေအလုပ်လုပ်ခွင့်ရဖို့ ဒဏ်ကြေး မလေးရှင်းရင်းဂစ်ငွေ နှစ်ထောင်ပေးဆောင်ရမှာဖြစ်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းက ပြောပါတယ်။
(ဒီနေ့ကစပြီးလျောက်လို့ရပြီ ဒါက အလုပ်ရှင်တွေရဲ့တာဝန်ပေါ့လျောက်ပြီးတာနဲ့ခွင့်ပြုချက်ရပြီးတာနဲ့ အလုပ်သမားတွေရဲ ကိုယ်ရေးရာဇဝင်တွေနဲ့အလုပ်ရှင်ကို အင်တာဗျူးလုပ်မယ် လောလောဆည် အလုပ်သမားတယောက်အတွက် deposit 500 ပေးရမယ် ဒဏ်ကြေးကတော့ တထောင်းငါးရာပေးရမယ်။ပါမစ်ကြေး လဲဗီးကြေး ဗီဇာကြေးကတော့ပုံမှန်အတိုင်းပဲ ပိုလာတာက deposit နဲ့ ဒဏ်ကြေးတွေကတော့အလုပ်သမားတွေဘက်ကပို့လာမယ်။ ဒါပေမဲ့ကိုယ်ပိုင်သူဌေးတွေ အလုပ်ရှင်ရှိတယ်ဆိုရင်တော့ ငွေရေးကြေးရေးက ပူစရာမလိုပါဘူး အလုပ်သမားတွေကပေါ့ )
မလေးရှားလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား နှစ်သောင်းလောက်ထဲက ငှားရမ်းခေါ်ယူနိုင်ကြောင်းလည်း ခွင့်ပြုထားပါတယ်။ အလုပ်သမားတွေ အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ ကိုဗစ်ကပ်ရောဂါ အပါအဝင် ကျန်းမာရေးစစ်ဆေးခံရမှာ ဖြစ်သလို၊ သက်ဆိုင်ရာ သံရုံးတွေထံက နိုင်ငံသားအဖြစ် အတည်ပြုချက်တွေ ရယူရမှာလည်း ဖြစ်ပါတယ်။
အလုပ်အကိုင်ရဖို့ ကြိုးပမ်းကြတဲ့ အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲ ရှိနိုင်သလို မသမာမှုတွေ ကြုံရနိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းထွန်းကပြောပါတယ်
(သူဌေးအဌားတွေ ကုမ္ပဏီအဌားတွေဆိုရင်တော့ပြသနာရှိတယ် အဲဒါတွေဆိုရင်ဈေးနည်းနည်းများ ငွေကြေးကပိုလာမယ် ဒီမှာပါမစ်ပေါက်ဈေးက ရင်းဂစ် (ရဝဝ၀ )ကနေ (၇၅၀၀)ထိရှိတယ် ဒဏ်ကြေးတွေနဲ့ဆိုရင်တော့ပိုလာလိမ့်မယ်။ တချိုက မှန်ကန်တဲ့ အေးဂျင့်တွေရှိတယ် မမှန်ကန်တဲ့အေးဂျင့်တွေလည်းရှိတယ်။ မှန်ကန်တဲ့အေဂျင့်တွေကတော့ကုမ္ပဏီစုထားတာရှိတယ်။ ကျနော်မှာတော့အဲဒီ ကုမ္ပဏီတွေနဲ့ဆက်စပ်လုပ်တာရှိတယ်။ တချို့ကျတော့မမှန်ကန်တဲ့အေဂျင့်တွေဆိုတာကတော့အဝင်ပြလိုက်တယ်။နောက်ပိုင်း အဲဒီ ကုမ္ပဏီကိုအပိတ်ပြတယ် ။ လည်ပတ်မှုရပ်လိုက်တယ။် အလုပ်တွေပြီးဆုံးသွားရင် ရပ်ပစ်လိုက်တယ် အခွန်မဆောင်တော့။ အဲဒါဆို Black List တွေဖြစ်ကုန်ရော။ ကျနော်ဆီမှာတော့မှန်ကန်တယ်။ ကုမ္ပဏီတွေ၁၀ခုလောက်စုထားတယ် ။ အဲဒီလူနဲ့ပဲလည်ပတ်တယ်။ calling ဆိုရင်လည်းသူကို ကိုတာထဲကပဲခေါ်တယ်။ သူစက်ရုံက ဘယ်လောက်လူဦးရေရသလဲ တရာဆို တရာ ငါးဆယ်ဆို ငါးဆယ် အဲဒီလူတွေထဲကပဲခေါ်တယ်။ အပြင်မှာတေ့ာလုပ်နေတာတွေကိုတွေ့ရတယ်။ တော်တော်များများဒုက္ခရောက်နေတာတွေလည်းရှိတယ် )
မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ငါးသိန်းခွဲလောက်ရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့ ရှိခဲ့သလို တရားဝင်ရော၊ တရားမဝင်ပါ နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ အခက်အခဲတွေကြားနေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပြီး မကြာသေးခင်ကစလို့ ထိန်းသိမ်းရေး စခန်းကလူတချို့ကို ပြန်ပို့ပေးခဲ့တာလည်း ရှိပါတယ်။
အေးအေးမာ/VOA (Burmese)
https://burmese.voanews.com/a/myanmar-migrants-worker-in-malaysia/5664241.html

No comments:
Post a Comment