ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြောကြားချက် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်စေသဖြင့် ပြန်လည် တုံ့ပြန်မည်


ယနေ့(နိုဝင်ဘာ ၁၁) နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲပါ ပြောကြားချက်မှာ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်စေပြီး အခြေအမြစ် မရှိသည့် စပ်စွဲချက်များဖြစ်သောကြောင့် ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာ/ဆရာမများ အဖွဲ့ချုပ်က သဘောထား ထုတ်ပြန်ထားသည်။

“ယနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေ ပြောကြားခဲ့တဲ့ ဆရာ/ဆရာမများရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေသလို အခြေအမြစ်လည်း မရှိတဲ့ စွပ်စွဲချက်များအပေါ် ပြန်လည် တုံ့ပြန်သွားဖို့ မိမိတို့ အဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်နေပါတယ်။ အသေးစိတ်ကြေညာချက်ကို မကြာမီ ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆရာ/ဆရာမများအဖွဲ့ချုပ်၊ ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ အပြင်  ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေအထွေ ရွေးကောက်ပွဲကြီးသည် ပြည်သူ့ဆန္ဒနှင့် အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးအဖြစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်းမှတ်တမ်းကောင်း အဖြစ် မှတ်ကျောက် တင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာ/ဆရာမများ အဖွဲ့ချုပ်က နိုဝင်ဘာ ၉ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ဖြစ်ပေါ်လာစေရန် အတွက် စီစဉ် ကြီးကြပ်ခဲ့သော နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ထို့အပြင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ဘက်လိုက်မှုကင်းစွာ တာဝန်ယူ ဆောင်ရွက်မှုကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်ပေါ်ခဲ့သည်ဟု မိမိတို့ အဖွဲ့ချုပ်မှ အခိုင်အမာ ယုံကြည်ပါကြောင်း မြန်မာနိုင်ငံဆရာ/ဆရာများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြောကြားချက် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်စေသဖြင့် ပြန်လည် တုံ့ပြန်မည် ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြောကြားချက် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်စေသဖြင့် ပြန်လည် တုံ့ပြန်မည် Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.