အစိုးရက ကိုဗစ်ကာလ လေးကြိမ်မြောက် ထောက်ပံ့ကြေးတာကို ဒီသီတင်းပတ်ထဲ စတင်ပေးခဲ့ရာမှာ မရတဲ့ အိမ်ထောင်စုတွေရှိနေလို့ မကျေနပ်မှုတချို့ ရှိနေတယ်လို့ သက်ဆိုင်ရာ ဒေသခံတွေဆီက သိရပါတယ်။
အသွားအလာကန့်သတ်ထားတဲ့ မြို့နယ်တွေက အိမ်ထောင်စုတွေကို တစ်အိမ်ထောင် ကျပ်လေးသောင်းပေးတာ ဖြစ်ပါတယ်။
ထောက်ပံ့ကြေးမရလို့ လူစုဝေးခဲ့
မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုမှာ အစိုးရထောက်ပံ့ကြေးကို အမှန်တကယ် လိုအပ်သူတွေမရတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကို မရသူတွေက စုရုံးလာခဲ့တာကြောင့် မနေ့ နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာ လူစုလူဝေး ဖြစ်ခဲ့ပါတယ်။
အဲဒီရပ်ကွက်မှာ ဝင်ငွေနည်း၊ ဝင်ငွေမရှိသူ အခြေခံလူတန်းစား အိမ်ထောင်စု ထောင်ချီပြီး အစိုးရထောက်ပံ့ကြေး မရရှိကြတာကြောင့် မကျေနပ်မှုတွေ ရှိနေတာလို့ ရပ်ကွက်နေသူ ကိုအောင်စိုးက ဘီဘီစီကို ပြောပါတယ်။
အဲဒီလိုမရကြတာကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်၊ ရာအိမ်စုတွေက စာရင်းကောက်ခံဖို့ အချိန်အလုံအလောက်မရကြတာကြောင့်လို့ အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေရှင်းထားတယ်လို့ ကိုအောင်စိုးက ပြောပါတယ်။
ဒါပေမယ့် အခုလိုလူစုလူဝေးတွေဖြစ်တဲ့နေရာကို နိုင်ငံရေးပါတီတချို့ကလူတွေ၊ မီဒီယာသမားလို့ ပြောဆိုပြီး အထောက်အထား တစုံတရာ မပြနိုင်သူတွေက လာရောက် သတင်းရယူမှု၊ ထုတ်လွှင့်မှု၊ ပြောဆိုမှုတွေ ပြုလုပ်နေတာကြောင့် လူထု မငြိမ်မသက်ဖြစ်မှာကိုလည်း ရပ်ကွက်နေသူတွေ စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။
အခုဖြစ်တဲ့ ကြံခင်းစုရပ်ကွက်အပါအဝင် မင်္ဂလာဒုံမြို့နယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည် အနိုင်ရရှိထားတဲ့နေရာဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေကတော့ ကြံခင်းစုကို လာရောက်ကာအကူအညီပေးတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မင်္ဂလာဒုံမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူက တော့ သူ့အနေနဲ့ သူကိုဆက်သွယ်လာသူတွေကို ကူညီနိုင်သလောက် ကူညီပေးနေပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို အကြံပြုပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းကိုတော့ ဘီဘီစီက ဆက်သွယ်လို့ မရသေးပါဘူး။
အလားတူ မင်္ဂလာဒုံ မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ရဲ့ လက်ရှိ လွှတ်တော်အမတ်လည်းဖြစ်၊ ပြန်လည်ရွေးချယ် ခံရသူလည်းဖြစ်တဲ့ ဒေါ်သန္တာမိုးကတော့ အဲဒီကိစ္စဖြေရှင်းနိုင်ရေးအတွက် အစည်းအဝေးလုပ်နေတာ ကြောင့် လတ်တလောဖုန်းကိုင်ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။
ဘာထောက်ပံ့မှုတွေ ပေးခဲ့လဲ
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်မှာ ထောက်ပံ့ကြေးပေးစဉ်ဒီထောက်ပံ့မှုတွေကို ပေးရာမှာ ပထမဆုံးအကြိမ်က ဆန်အပါအဝင်၊ စားသောက်ကုန်ပစ္စည်း ၅ မျိုးကို စတင် ထောက်ပံ့ပေးခဲ့တာပါ။
အဲဒီလို ထောက်ပံ့ပေးချိန်ကတည်းက အမှန်တကယ် စားသောက်ရေး အခက်အခဲဖြစ်သူတွေဆီကို အပြည့် အဝ ထောက်ပံ့မှုမရခဲ့သူတွေရှိတယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူတချို့က ပြောပါတယ်။
အဲဒီနောက်ပိုင်း ဆက်တိုက် ပေးနေတဲ့ ထောက်ပံ့ကြေးငွေ ပေးတဲ့အခါမှာလည်း ယခင်စာရင်းတွေကိုသာ ထပ်မံအခြေပြုပြီးပေးတာကြောင့် မရတဲ့သူတွေကကျန်မြဲ ကျန်နေတာလို့လည်း ဆိုကြပါတယ်။
ဘာကြောင့် ထောက်ပံ့ကြေးမရသူတွေ ရှိတာလဲ
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်မှာ ထောက်ပံ့ကြေးပေးစဉ်အခုအကြိမ်ပေးရာမှာ မြောက်ဥက္ကလာပမြို့နယ်မှာလည်း အရင်အကြိမ်တွေမှာပဲ ရတဲ့သူတွေသာ ထောက်ပံ့ကြေးကို ရရှိကြတာကြောင့် အခက်အခဲရှိသူတွေ ကျန်ခဲ့တာ၊ ရရှိတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေ ပါနေတာမို့ မကျေနပ်မှုသူတွေလည်း အများစုရှိကြတယ်လို့ ဥဇ္ဇနာရပ်ကွက်နေ အိမ်ရှင်မ မသူဇာက ဘီဘီစီ ကိုပြောပါတယ်။
မကွေတိုင်း ပခုက္ကူမြို့နယ်ရဲ့ ရပ်ကွက်အချို့မှာလည်း ထောက်ပံ့ကြေးရသင့်သူတွေ မရခဲ့တာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့က ရပ်ကွက်တခုရဲ့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ယောက်ကတော့ စာရင်းကောက်ခဲ့စဉ် က အချိန်အလုံအလောက်မရှိခဲ့တာကြောင့် ဆင်းရဲနွမ်းပါးအိမ်ထောင်စုစာရင်းတွေ ကောက်တဲ့အခါ လိုအပ်ချက်တွရှိခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။
မြို့နယ်ထွေအုပ်တွေက ဆင်းရဲနွမ်းပါးစာရင်းကောက်ဖို့ တရက်အတွင်းညွှန်ကြားကာ ညွှန်ကြားတဲ့နေ့ ညနေ ပိုင်းအမီကို တင်ပြဖို့ ပြောဆိုခဲ့ကြတာကြောင့် အခုလိုစာရင်းတွေ မပြည့်မစုံနဲ့ ကျန်ခဲ့ရတာလို့လည်း သူက ပြောပါတယ်။
အခုလို ဖြစ်စဉ်မျိုးတွေက ပခုက္ကူက ရပ်ကွက်အကုန်နီးပါးအပြင် တခြားတိုင်းနဲ့ပြည်နယ်က နေရာအတော်များများမှာ ဖြစ်တာကိုလည်း ကြားသိရပြီး မရသူတွေကို ဖြေရှင်းပေးရတာကလည်း သူတို့အတွက် အခက်အခဲဆုံး အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
မြေပြင်မှာ ဘယ်လို ဖြေရှင်းနေလဲ
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်မှာ ထောက်ပံ့ကြေးပေးစဉ်ပခုက္ကူက ရပ်ကွက်အချို့မှာတော့ အရင်စာရင်းတွေအတိုင်းသာ ချထားပေးတဲ့အတွက် ရလာတဲ့ ထောက်ပံ့ ကြေးတွေကို ရပ်ကွက်အတွင်းက ရသင့်သူတွေ အကုန်ရရှိအောင် ပြန်လည်ခွဲဝေပေးတာမျိုးနဲ့ ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်က လမ်းအလိုက်မှာလည်း ရသူ၊ မရသူမရှိရအောင် မဲခွဲစနစ်၊ ဒါမှမဟုတ် ဝေမျှယူတဲ့စနစ်မျိုးတွေနဲ့ အဆင်ပြေသလို ဖြေရှင်းနေကြတာလည်း ရှိပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာဆိုရင်တော့ မရကြသူတွေအများအပြားကျန်နေတာကြောင့် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေက ကျန်နေသူတွေစာရင်းကိုပြုစုပြီး ရန်ကုန်တိုင်းအစိုးရကို တင်ပြဖို့ ပြင်ဆင်နေတယ် လို့ မြောက်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်အမတ် ဦးဇော်လွင်က ဘီဘီစီကို ပြောပါတယ်။
ထောက်ပံ့ပေးမယ့်သူ ပိုတိုးလာ
ပထမဆုံးအကြိမ်ပေးတဲ့ စာရင်းတွေကိုသာ အခြေပြုပြီး ထပ်မံပေးတာကြောင့် ပေးတဲ့လေးကြိမ်လုံးမှာ အခက်အခဲတွေ ဆက်တိုက်ဖြစ်နေတာလို့လည်း သူက ဆိုပါတယ်။
ဒါကြောင့် စာရင်းကောက်တဲ့နေရာမှာ ထွေအုပ်သီးသန့်ကောက်ယူနေတာကို ပြန်လည်သုံးသပ်ပြီး အားလုံးလွှမ်းခြုံနိုင်မယ့် အခြေအနေတခုကို ပြင်ဆင်ပေးဖို့ တင်ပြမှာလို့ ဦးဇော်လွင်က ပြောပါတယ်။
အခုလေးကြိမ်မြောက်ပေးတဲ့အခါမှာလည်း အရင်စာရင်းတွေမှာပါသူတွေကိုပဲ ပေးတာလို့ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မကွေးအပါအဝင် ပြည်နယ်နဲ့တိုင်းအများစုရဲ့ မြို့နယ်အချို့ရဲ့ အုပ်ချုပ်ရေးမှူးတွေကို ဘီဘီစီက မေးမြန်းသိရှိခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ထောက်ပံ့တုန်းက အိမ်ထောင်စုပေါင်း ၅.၄ သန်း ကျော် ပါဝင်ပါတယ်။ ။ တတိယတစ်ခေါက်မှာ အရင်ထက် အိမ်ထောင်စု ၂ သိန်း ပိုလာပြီး ဒီတခါမှာလည်း အိမ်ထောင်စု ၅.၆ သန်းကို ထောက်ပံ့ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ်ထောင်စုပေါင်း ၁၁သန်း ကျော် ရှိပါတယ်။
အခုလို ထောက်ပံ့မှု စုစုပေါင်းအတွက် အစိုးရက ကျပ် ငွေ ဘီလျံ ၃၆၀ ကျော်ကို သုံးစွဲထားတယ်လို့ သိရပါတယ်။
BBC Burmese

No comments:
Post a Comment