နောင်မွန် နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့ရှိ ကျေးရွာတွင် လူတစ်ဦး ချောင်းတွင်းမျောပါခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့မှ ၄၈ မိုင် ခန့် အကွာ ဒဇုံဒမ်းကျေးရွာ အုပ်စုရှိ မဲရုံအမှတ် ၂၂ တွင် တာဝန်ကျသော မဲရုံအဖွဲ့ဝင်( မဲစာရင်း စစ်ဆေးသူ) တဆူထု ကျေးရွာအခြေခံအလယ်တန်းကျောင်းတွင် တာဝန်ကျသူ မိုးညှင်းမြို့နယ်နေ ဦးရဲထွေးအောင် အသက် ၂၅ နှစ် သည် နိုဝင်ဘာ (၆)ရက် ညနေ ၅ နာရီ ခန့်တွင် ဒဇုံဒမ်းကျေးရွာနှင့် တဆူထုကျေးရွာကြားရှိ ချောင်းတွင် ရေဆင်းချိုးရာမှ ခြေချော်ကျ၍ချောင်းရေနက်ပိုင်းအတွင်း မျောပါသွားကြောင်း သိရသည်။
အတူပါလာသူများမှ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိရကြောင်းနှင့် ချောင်းအတွင်း မျောပါသွားသော ဆရာ ဦးရဲထွေးအောင်အား ရှာဖွေတွေ့ရှိနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့နှင့် ဒေသခံများက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
မြနန်း (ပြန်/ဆက်)
Myanmaalinn

No comments:
Post a Comment