ပြည်ခိုင်ဖြိုး၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ တပ်မတော်နှင့် ညှိနှိုင်း ဆောင်ရွက်ထားခြင်း မရှိ


ယမန်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်များသည် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်း မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ဘီဘီစီ သတင်းဌာန၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“USDP က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတဲ့ အချက်သည်၊ တပ်မတော်နဲ့ ညှိနှိုင်း ဆောင်ရွက်တဲ့ အချက်လည်း မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက် အတိုင်းသာ ဖြစ်ပြီး၊ ပြောင်းလဲမှု မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆက်လက် ပြောဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က 

“ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ၊ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမယ်” ဟု ဆန္ဒမဲ လာရောက် ပေးပြီးချိန်တွင် သတင်းမီဒီယာများသို့ ပြောကြားထားခဲ့သည်။


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

ပြည်ခိုင်ဖြိုး၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ တပ်မတော်နှင့် ညှိနှိုင်း ဆောင်ရွက်ထားခြင်း မရှိ ပြည်ခိုင်ဖြိုး၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ တပ်မတော်နှင့် ညှိနှိုင်း ဆောင်ရွက်ထားခြင်း မရှိ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.