မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၅,၈၀၄ ဦး၊ သေဆုံး ၁,၃၀၇ ဦး

PPE ဝတ်စုံ ဝတ်ဆင်ထားတဲ့ စေတနာ့ဝန်ထမ်းများကို ရန်ကုန်မြို့ရှိ Quarantine စင်တာ တခုမှာ တွေ့ရ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာ ၁,၁၉၇ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူကလည်း နောက်ထပ် ၂၅ ယောက်ရှိပါတယ်။

ဒါကြောင့် ဒီနေ့ အင်္ဂါနေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၅၅,၈၀၄ ယောက်၊ သေဆုံးလူနာ ၁,၃၀၇ ယောက်ရှိပါတယ်။ ဒီနေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၆၄၂ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှုနဲ့ သေဆုံးမှု အနည်းဆုံးဖြစ်စေဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အစွမ်းကုန် အားထုတ်ဆောင်ရွက်နေတယ်လို့ ပြောကြားပါတယ်။ ပြည်သူတိုင်းအနေနဲ့လည်း ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တာဝန်သိ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case/5646482.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၅,၈၀၄ ဦး၊ သေဆုံး ၁,၃၀၇ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၅,၈၀၄ ဦး၊ သေဆုံး ၁,၃၀၇ ဦး Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.