စမ်းချောင်းမြို့နယ်တွင် ဆရာဝန်အားသတ်သွားသည့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန် ၆ နိုဝင်ဘာ 

အောက်တိုဘာ ၃ ရက်  နံနက် ၇ နာရီ ၂၅ မိနစ်တွင် စမ်းချောင်းမြို့နယ်၊ စမ်း/မြောက်ရပ်ကွက်၊ မင်္ဂလာလမ်းနေ ဒေါက်တာ စောခိုင်သည် ဆေးခန်းသွားရန် နေအိမ်ရှေ့ လမ်းမပေါ်၌ ရပ်ထားသော ၎င်းပိုင် 9P---- Range Rover အနက်ရောင်ယာဉ်အား တံခါးဖွင့်စဉ် အင်္ကျီအနီရောင် လက်တို၊ ဘောင်းဘီရှည်အနီရောင်၊ Mask တပ်ထားပြီး ဦးခေါင်းတွင် Hair Net Cap အစိမ်းရောင်ဆောင်းထားသူ စိစစ်ဆဲအမျိုးသားတစ်ဦးက ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားသဖြင့် ဒေါက်တာ စောခိုင် ၏ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဝဲဘက်လက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် နေရာတွင် လဲကျသေဆုံးခဲ့သဖြင့် ဒေါက်တာ စောခိုင် ၏ ဇနီး ဒေါ်----က တရားလိုပြုလုပ် တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက တရားခံအမြန်စုံစမ်း ဖော်ထုတ်သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ် ပတ်ဝန်းကျင်နှင့် မျက်မြင်သက်သေများအား စစ်မေးခြင်းနှင့် ပြစ်မှုကျူးလွန်သူ၏ ပုံပန်းသဏ္ဍာန်အား ရေးဆွဲဖော်ထုတ်ရှာဖွေခြင်း၊ CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ တိုးဝေဝင်း (ခ) နေသူရိန် (ခ) မြသိန်း ကို ၎င်းပုန်းအောင်းနေသည့် မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာမှ နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားစဉ် ယူဆောင်ထားသော လက်ဆွဲအိတ်၊ သက်သေခံဓား၊ အဝတ်အစားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ တိုးဝေဝင်း (ခ) နေသူရိန် (ခ) မြသိန်း ကို အမှုဖြင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် သေဆုံးသူမိသားစုနှင့် လူမှုရေးအရှုပ်အထွေးများကြောင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး အမှုနှင့်ပတ်သက်၍ ကျန်ရှိရဲလုပ်ငန်းများဆောင်ရွက်ကာ ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

စမ်းချောင်းမြို့နယ်တွင် ဆရာဝန်အားသတ်သွားသည့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိ စမ်းချောင်းမြို့နယ်တွင် ဆရာဝန်အားသတ်သွားသည့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.