တရားမဝင် ရွှေတူးဖော်နေသူ နှစ်ဦးမြေကျင်းပိ၍သေဆုံး


မိုးညှင်း  နိုဝင်ဘာ   ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်မွန်းမြို့  မိုင်းနောင်ကျေးရွာအနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာ ရွှေမှော်ဟောင်းနေရာတွင် နိုဝင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းက တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား(၂)ဦးမြေကျင်းပိမိ၍သေဆုံးခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်မှာလုံးတုံနယ်မြေရဲစခန်းမှရဲအုပ်မိုးကျော်အောင်သည် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ်မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိုးမြင့်က မိုင်းနောင်ကျေးရွာအနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာရှိ ရွှေမှော်ဟောင်းနေရာတွင် လူနှစ်ဦး မြေကျင်းပိ၍ သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇေယျာမင်းဦးဆောင်၍ ရဲတပ်ကြပ်(၂)ဦးနှင့်အတူ မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့်ပူးပေါင်း၍ အခမ်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုရာ ယခင်ရွှေမှော်ဟောင်းနေရာတွင် တရားမဝင်ရွှေတူးဖော် လုပ်ကိုင်နေကြသည့်အမျိုးသားနှစ်ဦးမြေကျင်းပိနေသဖြင့် တူးဖော်ကြည့်ရှုရာ အင်းတော်မြို့နယ် နန့်သာကျေးရွာ  လင်းလင်း (၃၁)နှစ် နှင့်  အင်းတော်မြို့နယ် အောင်းကုန်းရွာ  မြလင်း (၄၁)နှစ်  တို့ဖြစ်ကြောင်းစိစစ်တွေ့ရှိခဲ့ပြီး ၎င်းတို့မှာပြင်ပဒဏ်ရာတစ်စုံတစ်ရာမရရှိဘဲ သေဆုံးလျက်တွေ့ရှိသဖြင့် နန့်မွန်းမြို့ဆေးရုံသို့ မှုခင်းဆေးစာနှင့်အတူ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ကျော်ကျော်ထွေး(မိုးညှင်း)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

တရားမဝင် ရွှေတူးဖော်နေသူ နှစ်ဦးမြေကျင်းပိ၍သေဆုံး တရားမဝင် ရွှေတူးဖော်နေသူ နှစ်ဦးမြေကျင်းပိ၍သေဆုံး Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.