မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

မြေပုံမြို့နယ်က ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ်

Photo: Auong Won Myart

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ စားဝတ်နေရေးပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က RFAကို ဒီနေ့ ပြောပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှုတွေမရှိသလို သွားလာရခက်ခဲပြီး ကပ်ဘေးကာလ ကန့်သတ်ချက်တွေကြောင့် အလှူရှင်တွေ မသွားရောက်နိုင်တာတွေကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက RFA ကိုပြောပါတယ်။

လူဦးရေ ၁၃၀၀ ကျော်ခိုလှုံနေတဲ့ ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် အစိုးရဆီက စားနပ်ရိက္ခာ အကူအညီမရတာကြောင့် မြို့နယ်တာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းရာမှာ ပြည်နယ်အစိုးရအဖွဲ့က အခုလအတွက် ဆန်ထောက်ပံ့တာကို ရပ်တန့်ထားတယ်လို့ အကြောင်းပြန်ခဲ့ကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးသာက ပြောပါတယ်။

ဒါပေမဲ့ဘာကြောင့် ရပ်တန့်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ မသိရကြောင်းလည်းဆိုပါတယ်။

လူဦးရေ ၁၃၁၄ ဦးရှိတဲ့ ဒီစခန်းအတွက် အစိုးရက အရင်လတွေက လူဦးရေ ၇၇၆ဦးစာအတွက်ပဲ ပုံမှန်ထောက်ပံ့လို့ ကျန်တဲ့ဒုက္ခသည်တွေအတွက် အလှူငွေတွေနဲ့ ဖြစ်သလို ရှာကျွေးနေရာကနေ အခုလအတွက် အစိုးရရဲ့ ထောက်ပံ့မှု မရတော့လို့ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ အခုလအတွက် အစိုးရရဲ့ ထောက်ပံ့မှု ရပ်ဆိုင်းခံရတာအပြင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာပြတ်လပ်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့နေ့လယ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/myaypon-refugees-food-shortage-11022020055545.htmla

မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ  မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.