ရေကြည် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဂွေးတောက်အုပ်စု တောင်စမ်းကျေးရွာ တောင်ဆင်းလမ်း လမ်းခွဲရှိ တောစပ်တွင် နိုဝင်ဘာ ၉ ရက်က လူသတ်မှုဖြစ်ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ယမန်နေ့ညနေပိုင်းတွင် အမြန်ဆုံး ဖမ်းဆီးရမိကြောင်း ကုန်းပြင်နယ်မြေ ရဲစခန်းမှသိရသည်။
လူသတ်ပြစ်မှုကျူးလွန်သူံနှစ်ဦးမှာ ဖြူဝင်းမောင် ၂၈ နှစ် ဂွေးတောက်အုပ်စု တောင်စမ်းကျေးရွာ|မျိုးထက်အောင် ၃၁ နှစ် ဂွေးတောက်အုပ်စု တောင်းစမ်းကျေးရွာ ရေကြည်မြို့နယ် နေသူတွေဖြစ်ကြောင်း အပိုင်နယ်ထိန်း ပြောပြ၍သိရသည်။
၂၀၂၀ ခု နိုဝင်ဘာလ ၈ ရက် ၆ နာရီအချိန်ခန့်တွင် တရားလို ဦးမြင့်အောင်သည် ဂွေးတောက်အုပ်စု တောင်စမ်းကျေးရွာရှိ ဦးချစ်ကိုလွင်နေအိမ်တွင် ထမင်းစားပြီး ဦးချစ်ကိုလွင်နှင့်စကားပြောနေစဉ် ဦးချစ်ကိုလွင်မှတရားလိုအားတောင်စမ်းကျေးရွာအကျော် တောင်ဆင်းလမ်း လမ်းခွဲရှိတောစပ်တွင် အနက်ရောင်လော်ဂျားဆိုင်ကယ် တစ်စီးနှင့် လူတစ်ဦးသေလားရှင်လားမသိသေးဘူး လူတစ်ယောက်လဲနေသည်ဟု လာပြောသွားတယ်ဟုပြောသဖြင့်ကျနော်နှင့်အတူတောင်စမ်းကျေးရွာနေ ရပ်မိ/ရပ်ဖ ဦးဝင်းရွှေ ဦးချစ်ကိုလွင်နှင့်ရွာတဲရှိ လူလေးဦးငါးဦးခန့်နှင့်အတူ သွားရောက်ကြည့်ရှုရာ ဆိုင်ကယ်အားရပ်လျှက်အနေအထားဖြင့် တွေ့မြင့်ခဲ့ပြီးဆိုင်ကယ်နှင့် ခြောက်ပေခန့် အကွာတွင် လှဲနေသောလူတစ်ဦးအား ကြည့်ရှုရာလှဲနေသူမှာ တရားလို ဦးမြင့်အောင် ၏သားဖြစ်သူ မျိုးလင်းအောင်(ခ)လင်းလင်းဖြစ်ကြောင်းသိရှိရပြီး တရားလို ဦးမြင့်အောင်၏သားမှာပက်လက်လှန်အနေအထားနှင့်လည်ပင်းတွင်
ပြတ်ရှဒဏ်ရာနှင့်သေဆုံးနေသည်ကိုတွေ့ရှိရ၍ တရားလို ဦးမြင့်အောင် ၏သား မျိုးလင်းအောင်(ခ)လင်းလင်း သေဆုံးမှုနှင့်ပတ်သက်၍(ပ) ၂၀၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်းတွင် စုံစမ်းဖော်ထုတ်အရေးယူနိုင်ရေး အမှုဖွင့်ထားပြီး လည်းကောင်း ပြစ်မှုကျူးလွန်သူနှစ်ဦးအားဖမ်းဆီးကာ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
ဆန်းတင့်-ရေကြည်
Myanmaalinn

No comments:
Post a Comment