အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရပြီး တစ်ရက်အကြာမှာပဲ နောက်ထပ်ပင်တဂွန် ထိပ်တန်း အရာရှိတစ်ဦး ရာထူးကနုတ်ထွက်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုပေးပို့တဲ့ သူ့ရဲ့ နုတ်ထွက်စာမှာ ကာကွယ်ရေး ဝန်ကြီးဌာန မူဝါဒရေးဆွဲရေးဆိုင်ရာ ဌာနကြီး အမြဲတမ်းအတွင်းဝန်အဖြစ်ခေတ္တ တာဝန်ယူထားသူ James Anderson က သူ့ရဲ့ အောင်မြင်ခဲ့တဲ့ လုပ်ဆောင်ချက်တချို့ကို ဖော်ပြထားပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ရတာကို ဂုဏ်ယူမိကြောင်း ရေးသားထားပါတယ်။
အစဉ်အလာရှိခဲ့တဲ့အတိုင်း၊ အခု တိုင်းပြည်ရဲ့ ရေရှည်အောင်မြင်မှုက ပြည်သူ့ ဝန်ထမ်းတွေ အနေနဲ့ ကာကွယ်ဖို့ ကျမ်းသစ္စာ ပြုထားတဲ့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမှု အပေါ် မူတည်နေတယ်လို့လည်း သူက ရေးသားထားတာပါ။
ကာကွယ်ရေး ဝန်ကြီးဌာန မူဝါဒရေးရာဆိုင်ရာ အကြီးအကဲ ဖြစ်သူJames Anderson အခုလို ရာထူးက မနုတ်ထွက်ခင် တနင်္လာနေ့တုန်းကတော့ သမ္မတ ထရမ့်က ကာကွယ်ရေးဝန်ကြီး Mark Esper ကို တာဝန်ကနေ ရပ်ဆိုင်းကြောင်း တွစ်တာမှာ ရေးသားခဲ့တာပါ။
ဝန်ကြီး Esper ကို နောက်နှစ် ဇန်နဝါရီလနှောင်းပိုင်း Joe Biden သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့ အချိန်အထိ အသွင်ကူးပြောင်းရေး ကာလအတွင်း တာဝန်ဆက်ပြီးထမ်းဆောင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment