ရန်ကုန်မြစ်တွင်းသွား သင်္ဘောပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား၍ အချိန်မီကယ်တင်နိုင်ခဲ့


ရန်ကုန်  ၁၀  နိုဝင်ဘာ 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ယနေ့ မွန်းလွဲ ၂ နာရီက ဒလသင်္ဘောဆိပ်ကမ်းမှ ချယ်ရီ(၂) ရေယာဉ်သည် ပန်းဆိုးတန်းဆိပ်ကမ်းသို့ ထွက်ခွာစဉ် မြစ်လယ်အရောက်၌ ရေယာဉ်စီးနင်းလိုက်ပါလာသော အမျိုးသမီးတစ်ဦး မြစ်ထဲသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါအမျိုးသမီး မြစ်ထဲခုန်ချမှုကို ရေယာဉ်စီးနင်းလိုက်ပါလာကြသည့် ခရီးသည်များမြင်တွေ့ခဲ့ရာ ၎င်းတို့ထဲမှ    ခရီးသည်တစ်ဦးဖြစ်သူ  ကိုစည်သူမှ  ကလေးတစ်ဦးပြုတ်ကျသည်ဟု ထင်မှတ်၍  အချိန်မီကယ်ဆယ်နိုင်ရန် ရေထဲသို့ ခုန်ချပြီးနောက် မြစ်တွင်းသွား ရန်ကုန်(ပန်းဆိုးတန်း)ကူးတို့ဆိပ်မှ ဒလသင်္ဘောဆိပ်ကမ်းသို့ ပြန်လာသည့် တံလျှပ်ကူး တို့ဆိပ်ရှိ ကိုထွန်းမင်း မောင်းနှင်လာသည့် စိန်မြင့်သန်း(၃)အမည်ရှိ  စက်တပ်သမ္ဗန်တစ်စီး ရောက်လာချိန်တွင် တွေ့မြင်ပြီး သမ္ဗန်ပေါ်ပါလာသည့်  ခရီးသည်အမျိုးသား ၂ ဦးမှ  မြစ်ထဲသို့ခုန်ချသည့် အမျိုးသမီးကို ဆွဲတင်၍ အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်။ 

ထို့အတူ ကလေးတစ်ဦးမြစ်ထဲသို့ ပြုတ်ကျသည်ဟုထင်မှတ်ပြီး ကယ်တင်ရန်ကြိုးစားခဲ့သည့် ကိုစည်သူကိုလည်း အခြားခရီးသည် ၂ ဦးတင်ဆောင်လာသော တံလျှပ်ကူးတို့ဆိပ်ရှိ စက်တပ်သမ္ဗန်တစ်စီးမှ အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် မြစ်အတွင်းမှသမ္ဗန်ပေါ်သို့ ခေါ်ယူတင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။  

ရန်ကုန်မြစ်တွင်းသို့ ခုန်ချခဲ့သော အမျိုးသမီးမှာ ဒေါ်သန္တာမိုး(ခ) ဒေါ်ခိုင်ညိုဇင် အသက် ၃၀ နှစ်၊ ကလေးတစ်ယောက် မိခင်၊ မြောက်ဒဂုံမြို့နယ် မော်တော်ယာဉ်စည်ပင်ဝန်းနှင့် သာကေတမြို့နယ် သဒ္ဒါရုံစည်ပင်ဝန်းရှိ ဆွေးမျိုးများ နေအိမ်တွင် လှည့်လည်နေထိုင်သူဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အခက်အခဲ များစွာရှိခြင်းကြောင့် ယခုကဲ့သို့  ကြံစည်ရခြင်းဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သဖြင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် နောက်နောင် ဤကဲ့သို့ ကြံစည်မှုမပြုလုပ်တော့ပါကြောင်းနှင့် ကောင်းမွန်စွာနေထိုင်သွားမည်ဖြစ်ကြောင်း ခံဝန်လက်မှတ်ရေထိုး ကတိပြုခဲ့ ကြောင်း သိရသည်။ 


သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ရန်ကုန်မြစ်တွင်းသွား သင်္ဘောပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား၍ အချိန်မီကယ်တင်နိုင်ခဲ့ ရန်ကုန်မြစ်တွင်းသွား သင်္ဘောပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား၍ အချိန်မီကယ်တင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.