နို၀င်ဘာလ ၂၉ ရက် ၂၀၂၀
သျှမ်ုးပည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၉) မနက် ၆နာရီခွဲခန့်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။
မူဆယ်မြို့၊ ကောင်းမူးတုံ ရပ်ကွက် ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်အမှတ် ကမလ ၄၄၆၊ ဦးလောဝ်ကောဝ် နေအိမ်ခြံဝင်းအတွင်းသို့ ဆိုင်ကယ်သမား လူနှစ်ဦးက ဗုံး ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အသံမိုင်းသာဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်းအုပ်ချုပ်ရေးမှူးအဖွဲ့ကွင်းဆင်းစစ်ဆေးပြီးအတည်ပြုပြောဆိုသည်။
ယခုဖြစ်စဉ်မှာ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်နိုင်ဖွယ်ရှိကြောင်းလည်း ရပ်ကွက်သားများပြောပြချက်အရသိရသည်။ သို့သော် လက်သည်ကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့်တပတ်ကလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးသည်။
SHAN News (Burmese Version)
မူဆယ်တွင်ပေါက်ကွဲမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:55
Rating:

No comments:
Post a Comment