ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း

အမေရိကန်ရှိ Costco ဆိုင်မှာ ရောင်းချနေတဲ့ ဝက်သားများ။ (မေ ၂၇၊ ၂၀၂၀)

ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၈၁၇ သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ပြန်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သမ္မတ Trump က မနေ့က ကြေညာပါတယ်။

အမေရိကန်က ဝက်သားနဲ့ ဝက်သားနဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ထိုင်းစျေးကွက်ကို ဖွင့်ဖို့ကိစ္စ တိုးတက်မှုမရှိတာကြောင့် အခုလိုလုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်သွင်းနေတဲ့ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိတဲ့ သွင်းကုန်တွေကို အခုနှစ်အစောပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အခုလို ကုန်သွယ်မှု အထူးအခွင့်အရေးပေးတာကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

တချိန်ကတော့ ထိုင်းနိုင်ငံဟာ အမေရိကန်ဆီကနေ ကုန်သွယ်မှု အထူးအခွင့်အရေးအဖြစ်နဲ့ ပြည်ပပို့ကုန်တန်ဖိုး ၄.၄ ဘီလီယံလောက် ကုန်သွယ်မှု အထူးအခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုရပ်ဆိုင်းလိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ ကားပစ္စည်းအစိတ်အပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ကုန်ခြောက်တွေ၊ မီးဖိုးချောင်သုံး အလူမီနီယံပစ္စည်းတွေနဲ့ တခြားပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-thai-trade/5643221.html

ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.