COVID-19 ကပ်ရောဂါ ကြားမှာပဲ လုံခြုံ စိတ်ချ စွာနဲ့ ကိုယ့်ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးရအောင် ဘယ်လို လုပ် ဆောင်မလဲ။ မဲသွားပေးကြမယ်ဆိုရင်တော့ ကိုယ့်မဲကို ခိုင်မာတဲ့ မဲဖြစ်အောင်၊ အန္တရာယ်ကင်းကင်းနဲ့လည်း ပေးနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြချက်တွေကို ကိုးကားပြီး အောက်ပါ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
ကိုဗစ်ကြားမှာ ဘယ်လို မဲပေးမလဲ
လက်ကမ်းစာစောင်
ပထဆုံး နဲ့ အရေးအကြီးဆုံးကတော့ မဲရုံ မသွားခင်မှာ ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ဖို့ပါ။ COVID-19 က ကိုယ်နဲ့ လက်တကမ်းမှာ ဆိုတာ မမေ့ပါနဲ့။မဲရုံ ရောက်ရင်လည်း အခြား ဆန္ဒ မဲပေးသူတွေနဲ့ အနည်းဆုံး ၆ ပေ အကွာအဝေးမှာ အမြဲ ရှိနေဖို့လည်း သတိပြုပါ။ မဲရုံမှာ အဖျားတိုင်းတာလို ကပ်ရောဂါကြောင့် လိုအပ်လို့ စီမံထားတဲ့ အစီအမံတွေ ရှိနိုင်ပါတယ်။
မဲရုံ ရောက်ရင် ဘာလုပ်မလဲ
ရွေးကောက်ပွဲကော်မရှင် လက်ကမ်းစာစောင်မဲရုံ ရှေ့ ရောက်ရင် ပထမဆုံးက ကပ်ထားတဲ့ မဲစာရင်းမှာ ကိုယ့်ရဲ့ မဲစာရင်းနံပါတ်ကို ရှာရပါမယ်။ မဲရုံပေါက်ကို ဝင်ရင် သက်ဆိုင်ရာ မဲရုံ လုံခြုံရေးကို ကိုယ့်လက်မှာ မဲပေးပြီးကြောင်း အမှတ်အသားဖြစ်တဲ့ မင်တို့ ထားခြင်း မရှိဘူး ဆိုတာကို သေချာ ပြသပါ။
မဲရုံ အတွင်းရောက်ရင် မဲဆန္ဒရှင် စာရင်းမှာ လက်မှတ်ထိုးဖို့ အတွက် ကိုယ်ပိုင် ဘောပင်တစ်ချောင်းလောက် ယူဆောင်သွားရင်လည်း ကောင်းပါမယ်။ တကယ်လို့ ယူမသွားဖြစ်ရင်လည်း မပူပါနဲ့။ မဲရုံမှာ ပိုးသတ်ထားပြီးသား ဘောပင် အဆင်သင့် ရှိမှာ ဖြစ်လို့ အဲဒါကို ယူပြီး လက်မှတ်ထိုးပါ။
ရွေးကောက်ပွဲကော်မရှင် လက်ကမ်းစာစောင်မဲလက်မှတ် ဘယ်လို ထုတ်မလဲ
အထက်က အဆင့်တွေ ပြီးရင်တော့ မဲလက်မှတ် ထုတ်ပေးသူဆီ သွားပြီး ဆန္ဒမဲ လက်မှတ် လက်ခံဖြတ်ပိုင်းမှာ လက်မှတ်ထိုးပြီး ပြည်သူ့ လွှတ်တော် အတွက် မဲလက်မှတ်ကို ထုတ်ယူရပါမယ်။ မဲစာရွက်မှာ အပြစ်အနာအဆာ ရှိ၊ မရှိ၊ စစ်ပါ။ အဲဒီမှာ မဲရုံမှူးလက်မှတ်ပါရမှာ ဖြစ်သလို ရွေးကောက်ပွဲတံဆိပ်တုံးလည်း နှိပ်ထားရမှာ ဖြစ်ပါတယ်။
ဆန္ဒ မပြုမီ အကြောင်း တခုခုကြောင့် မဲလက်မှတ် မတော်တဆ ပျက်စီး သွားရင်လည်း ဆန္ဒမဲ လက်မှတ်ကို ထပ်မံ တောင်းခံနိုင်ပါတယ်။
လွှတ်တော်အသီးသီးအတွက် ဘယ်လို မဲဆန္ဒပြုမလဲ
မဲလက်မှတ်ရရင် လျှို့ဝှက် ဆန္ဒပြုခန်းထဲ ဝင်ပြီး ကိုယ်ပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ ဘေးက အကွက်ထဲမှာ တစ်ကြိမ်သာ တံဆိပ်တုံးနှိပ်ပြီး မဲပေးပါ။ ပြီးရင် ပြည်သူ့လွှတ်တော် အတွက် သတ်မှတ်ထားတဲ့ အစိမ်းရောင် အဖုံးပိတ်ထားတဲ့ မဲပုံးဆီ သွားပြီး ကိုယ့်ရဲ ဆန္ဒပြုပြီး မဲလက်မှတ်ကို ခေါက် ထည့်ပါ။
အမျိုးသားလွှတ်တော်၊ တိုင်းသို့မဟုတ် ပြည်နယ်လွှတ်တော် အတွက် မဲလက်မှတ်တွေကိုလည်း ခုန ရှင်းပြခဲ့တဲ့ အဆင့် တွေ အတိုင်း ထပ်မံလုပ်ဆောင်ပြီး သက်ဆိုင်ရာ မဲပုံးတွေမှာ မဲထည့်ပါ။
ကိုယ်က တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုး ဖြစ်ခဲ့ရင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက်လည်း နောက် တကြိမ် ခုန နည်းလမ်းတွေ အတိုင်း လုပ်ဆောင် ပြီး မဲထည့် ရပါမယ်။
လူတိုင်းဟာ အနည်းဆုံး မဲပုံး သုံးခု မှာ ၃ ကြိမ် မဲပေးရမယ် ဆိုတာ သတိပြုပါ။
မဲပုံးတွေကတော့ ပြည်သူ့လွှတ်တော် အတွက် အစိမ်းရောင် အဖုံး၊ အမျိုးသားလွှတ်တော် အတွက် အပြာရောင် အဖုံး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အတွက် ခရမ်းရောင် အဖုံး ဖြစ်ပါတယ်။ ကိုယ်က တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ် အတွက် မဲပေးခွင့် ရှိပါက ခရမ်း ရောင် အဖုံး ဆိုတာ သတိပြုပါ။
ကြိုတင်မဲပေးပြီးသူတစ်ဦးမဲပေးပြီးရင် ဘာလုပ်မလဲ
မဲတွေ အကုန် ပေးပြီး ပြီ ဆိုရင်တော့ မင်တို့ သူဆီ သွားရပါမယ်။ အဲဒီမှာ ကိုယ့်လက်ကို ပိုးသတ်ရပါမယ်။ ပြီးရင် စက္ကန့် ၃၀ ကြာအောင် စောင့်ပေးရပါမယ်။ ပြီးရင်တော့ ဘယ်ဘက် လက်သန်းကို မင်တို့ ပြီး သတ်မှတ်ထားတဲ့ မဲရုံ ထွက်ပေါက်ကနေ ပြန်ထွက်ရပါမယ်။
ဒီ အဆင့်တွေ အတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ အောင်အောင်မြင်မြင် လုံခြုံစိတ်ချစွာနဲ့ မဲပေးနိုင်ပါပြီ။
ထပ်မံ တင်ပြရရင်တော့ မဲဆန္ဒပြုတဲ့ အခါမှာ ကိုယ် ဆန္ဒပြု မဲပေးချင်တဲ့ ကိုယ်စားလှယ်လောင်းရဲ့ ဘေးအကွက်မှာ တံဆိပ်တုံး တစ်ကြိမ်ပဲ ထု ပြီး ဆန္ဒပြုရမှာပါ။ တစ်ကြိမ်တည်းပါ။
ခိုင်လုံမဲ၊ ပယ်မဲ ဘယ်လိုခွဲခြားနိုင်လဲ
ကိုယ်ပေးလိုက်တဲ့ မဲ ဆန္ဒ အလဟဿ ဖြစ်မသွားအောင် ဘယ်ဟာက ခိုင်လုံမဲ ဘယ်ဟာက ပယ်မယ် ဆိုတာ ကို ရွေးကောက်ပွဲ ကောက်မရှင် က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက် ဓာတ်ပုံတွေကို ကြိုတင် လေ့လာထားနိုင်ပါတယ်။
BBC Burmese

No comments:
Post a Comment