နိရဥၥရာ၊ ႏို၀င္ဘာ၁၇/၂၀၂၀
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ကထိန်မှ အပြန်ကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူများမှာ မောင်တော ခရေမြိုင်ကျေးရွာမှ ကိုကျော်ရဲအောင် (၂၅) နှစ်နှင့် ဇနီးဖြစ်သူ မအေးဆန်းနု (၂၀) နှင့် သူတို့၏ ၁ နှစ်ကျော်သားလေးတစ်ဦးဖြစ်ကြသည်။
အဆိုပါ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် နံ့သာတောင် ဆရာတော်က “ နေ့လယ် ၁ နာရီလောက်မှာ ဖြစ်တာပါ။ ကားသွားရင်းနဲ့ ပေါက်တာပါ။ ကားတခြား၊ လူတခြား ဖြစ်သွားပါတယ်။ သာယာကုန်း ကထိန်က အပြန်မှာ ဖြစ်တာပါ။” ဟု ပြောဆိုသည်။
အခင်းဖြစ်ပွားသောနေရာမှာ ကျွန်းပေါက်အုပ်စုနှင့် လိပ်ရ အုပ်စုအကြား သဲချောင်းတွင် ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ဒဏ်ရာရသူ ၆ ဦးစလုံးကို တောင်ပြို ဆေးရုံသို့ ယူသွားသည်ဟု သိရသည်။
ခိုင်လူလှ (ရိုးမမြေ)
Narinjara

No comments:
Post a Comment