မြိတ်တွင် ပါကေးငါးဖော်ယူတဲ့ရေလုပ်သား ၅ ဦး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲ ၊ ၂ ဦးသေဆုံး


မြိတ်မြို့၊ ကျောက်ဖျာကျေးရွာတွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊နေ့လယ် ၂ နာရီခွဲခန့်က ပါကေးငါးဖော်ယူတဲ့ရေလုပ်သား ၅ ဦး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲရာ ၂ ယောက်သေဆုံးကြောင်းသိရပါတယ်။

ကျောက်ဖျာကျေးရွာရှိ ငါးသေတ္တာစက်ရုံဝင်းတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတံတားတွင် Makro 99 ပါကေးကဲ့လှေမှ ရေလုပ်သား ၁ ဦးက လှေဝမ်းတွင်းရှိ ပါကေးငါးတွေကို သယ်ယူရာမှာအောက်ဆီဂျင်ပြတ်ပြီးမေ့လဲတာကြောင့် ကယ်ဆယ်ရေးလုပ်တဲ့ လှေသား ၄ ဦး ထပ်မံမေ့လဲသွားကြောင်းသိရပါတယ်။

"ပါကေးက ဝါလတ်ပုံးတွေနဲ့ထည့်ထားတယ်။ တစ်ယောက်က လှေဝမ်းထဲဆင်းပြီး ချိတ်နဲချိတ်ပေးတယ် ။ လှေဝမ်းထဲက လှေသားသတိလစ်သွားလို့ နောက်လှေသားတွေက ဆင်းကယ်တယ်။ သူတို့လည်းအကုန်မေ့လဲသွားတယ်။ ကျန်တဲ့သူတွေကထပ်ကယ်မှ ကုန်းပတ်ပေါ်ကိုတင်နိုင်ခဲ့တယ်" လို့  Makro 99 ပါကေးကဲ့လှေပဲ့နင်းက ပြောပါတယ်။

အောက်ဆီဂျင်ပြတ်တောက်ပြီး မေ့လဲနေတဲ့ လှေသား ၅ ဦးကို ကျန်းမာရေးအထောက်အကူပြုယာဥ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့တင်ပို့ပြိီး စမ်းသပ်စစ်ဆေးရာ ၂ ဦးမှာ အသက်သေဆုံး၍   ၂ ဦးက သတိပြန်လည်နေပြီး ၁ ဦးက သတိလစ်နေဆဲလို့ သိရပါတယ်။


Myat Htut - Myeik

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်တွင် ပါကေးငါးဖော်ယူတဲ့ရေလုပ်သား ၅ ဦး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲ ၊ ၂ ဦးသေဆုံး မြိတ်တွင် ပါကေးငါးဖော်ယူတဲ့ရေလုပ်သား ၅ ဦး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲ ၊ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 06:47 Rating: 5

No comments:

Powered by Blogger.