ပုဏ္ဏားကျွန်းမြို့ဓာတ်ဆီဆိုင်မှ လူတစ်ဦးသတ်ဖြတ်ခံရ



Share/Bookmark

နိရဥၥရာ၊ ႏိုဝင္ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီကျောင်းအနီး ဓာတ်ဆီဆိုင်မှ လူတစ်ဦး ကုန်ခဲ့သည့် ညဉ့်အချိန်က  အသတ်ခံရပြီး အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ အောင်ကျော်နု(၄၆)နှစ်ဖြစ်ပြီး ၎င်းမှာ မြောက်ဦးမြို့နယ်မှ သူငယ်ချင်းဖြစ်သူ ဆီဆိုင်ပိုင်ရှင်အား လာရောက် ကူညီ လုပ်ကိုင်နေသူဖြစ်ကြောင်း အနီးအနားရှိ ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“သူက ပိုင်ရှင်နဲ့သူငယ်ချင်း ဆီဆိုင်မှာလုပ်တာပါ။ ခြံနောက်က အိမ်မှာနေတဲ့ ဟင်းရောင်းတဲ့ လင်မယားက မနက်အစောကြီးထပြီးစျေးသွားတော့ ဆိုင်မဖွင့်သေးလို့ ဝင်နိုးတာမှာ အလောင်းကိုတွေ့တယ်လို့ပြောတယ်။ သေတ္တာတွေလည်း ပွင့်လို့ပါ။အခုအလောင်းကိုဆေးရုံကိုသယ်နေပါတယ်” ဟုပြောသည်။

၎င်းဆီဆိုင်တန်းမှာ စံပြရပ်ကွက်အပိုင်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူး အားမေးမြန်းရာ အသတ်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။  

“ဆိုင်ကို ဝင်ဖောက်တာဖြစ်နိုင်တယ်။ အဲဒီမှာ စောင့်နေတဲ့လူကို သတ်သွား တာပေါ့။ အလောင်းကို သွေးအိုင်ထဲမှာတွေ့တာ။ အခု CCTV ကို ရဲတွေနဲ့အတူ သွားစစ်နေတယ်။ တရားခံကိုသိရမှာပါ။ သေဆုံးသူမှာ ဦးခေါင်း တစ်ခုလုံးကြေမွသွားတယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်ကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း ၊ ၎င်းကိုယ်တိုင် အလောင်းအားသွားရောက်ကြည့်ရှုခဲ့ကြောင်းပြောသည်။

အလောင်းအား ပုဏ္ဏားကျွန်းဆေးရုံသို့ယူဆောင်သွားပြီဖြစ်ကြောင်းသိရသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ