မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၄,၉၅၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၇၃၇,၀၉၀ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၃၃၀ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၅၆,၉၄၀ ဦး ရှိသွားပါပြီ။
ဒီကနေ့ထုတ်ပြန်တဲ့ သေဆုံးသူ ၂၃ ဦးထဲမှာ ၁၈ ဦးဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနကပြောပါတယ်။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၇၁၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၄၀,၇၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၆ ရာခိုင်နှုန်းရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၇၁.၆ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၃ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-case/5647896.html

No comments:
Post a Comment