မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၈၀,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ တနင်္လာနေ့ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၉ ယောက်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာဟာ ၈၀, ၅၀၅ ယောက်ဖြစ်ပါတယ်။
ဒီနေ့စာရင်းမှာ သေဆုံးသူ ၂၆ ယောက်ထပ်တိုးတဲ့အတွက် သေဆုံးသူကလည်း စုစုပေါင်း ၁,၇၆၅ ယောက်ဖြစ်ပါတယ်။ သေဆုံးသူ ၂၆ ယောက်ထဲက ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၁၈,၂၁၂ ခုဖြစ်ပါတယ်။
ခုရက်ပိုင်းတွေအတွင်း တွေ့ရှိတဲ့ ဓါတ်ခွဲနမူနာတွေထဲမှာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့က မဲရုံတွေမှာ တာဝန်ထမ်းခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် မဲရုံဝန်ထမ်းတွေ ပါဝင်ပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ရွေးကောက်ပွဲ ဝန်ထမ်း ၉၀ ကျော် COVID-19 ကပ်ရောဂါ ကူးစက်ခံထားရပါတယ်။
ရန်ကုန်တိုင်းထဲက စက်ရုံ အလုပ်ရုံ ၇၀ ကျော်မှာလည်း အလုပ်သမားတွေ ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment