နေပြည်တော် ၂၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၁၁/၆-၇)ကြား၌ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က သုံးဘီးယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောက်ကျေးရွာဘက်မှ မြောက်ခင်ရန်းကျေးရွာဘက်သို့ မြောက်ခင်ရန်းကျေးရွာနေ ကောင်းသန့်လင်း (ခ) သားတိုး (၁၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးသန်းဘို (၆၁)နှစ်နှင့် ဦးစိန်လှဖေ (၅၅)နှစ်ပါ ၁၅ ဦး လိုက်ပါလာသော သုံးဘီးဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ အနက် ၁၁ ပေခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ကောင်းသန့်လင်း (ခ) သားတိုးပါ ၃ ဦးမှာ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် ဦးသန်းဘိုပါ ၁၃ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ကောင်းသန့်လင်း (ခ) သားတိုးအား ကန်နယ်မြေ ရဲစခန်းယာဉ်မှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား
Myanmar Digital News

No comments:
Post a Comment