သတင်းဓာတ်ပုံ- မုံရွာဂေဇက်
မုံရွာ၊နိုဝင်ဘာ-၁၁
ချင်းတွင်းမြစ်သွား ဆီတင်ရေယာဉ်တစ်စီး အင်ဂျင်ခန်းရှော့ခ်ဖြစ်၍ မီးလောင်မှု ယင်းမာပင်မြို့နယ် စုန်းကျင်းရွာအနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားသည်။
နံနက် ၉နာရီ၄၅မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၁၁နာရီ၅၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်စဉ် မြစ်လယ်၌ မီးလောင်မှုဖြစ်ရာ သောင်ပြင်ကမ်းစပ်သို့ အရေးပေါ်ကပ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့်အနီးရှိ ရွာခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
သတင်းဓာတ်ပုံ- မုံရွာဂေဇက်အမြန်ရေယာဉ်ပေါ်ရှိ အမျိုးသား ၈ ဦး၊အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သတင်းဓာတ်ပုံ- မုံရွာဂေဇက်မီးလောင်မှုကြောင့် ရေယာဉ်ပေါ်ပါ ဒီဇယ် ပေပါ ၁၅၀၊ဓာတ်ဆီ ၁၀ပေပါ၊စင်လှေအင်ဂျင်ခန်းနှင့်ကိုယ်ထည်၊သုံးဘီးဆိုင်ကယ် ၅စီး၊ဆိုင်ကယ်တစ်စီးမီးလောင်ပျက်စီးခဲ့သည်။
သတင်းဓာတ်ပုံ- မုံရွာဂေဇက်အဆိုပါရေယာဉ်သည် မုံရွာမှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ စက်သုံးဆီများသယ်ယူပို့ဆောင်သည့် အလျား(၁၅၀)ပေ၊အနံ(၁၈)သံကိုယ်ထည် ရေယာဉ်ဖြစ်သည်။
အိဖြိုး
Monywa Gazette

No comments:
Post a Comment