နေပြည်တော် ၁၆ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နိုဝင်ဘာ ၁၄ ရက်က ဓားဖြင့်ဝိုင်းခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာနေ ဦးသန်းကို (၄၅)နှစ်၏ ညီဖြစ်သူ ရဲလင်းအောင် (ခ) ဒူးရှည် (၄၀)နှစ်သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဒေါနလမ်း၌ အရက်မူးယစ်ကာ အရှည် ၂ ပေခန့် ဓားတစ်ချောင်းအား ကိုင်ဆောင်၍ အော်ဟစ်ဆဲဆိုနေသဖြင့် အဆိုပါရပ်ကွက်နေ စည်သူ(ခ)စည်သူအောင်ပါ ၅ ဦးနှင့် စကားများရန်ဖြစ်ပြီး စည်သူ(ခ)စည်သူအောင်ပါ ၅ ဦးက ဓားအားလုယူကာ ဝိုင်းဝန်းခုတ်၍ ရဲလင်းအောင်(ခ)ဒူးရှည်မှာ ဒဏ်ရာများရရှိ သေဆုံးသွားကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ စည်သူ(ခ)စည်သူအောင် ပါ ၅ ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား
Myanmar Digital News

No comments:
Post a Comment