မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၄,၆၀၇ ဦး၊ သေဆုံး ၁,၂၀၂ ဦး

COVID ရောဂါရှိ၊ မရှိ swab နမူနာယူစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့ ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၅၄,၆၀၇ ယောက်ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၀၂ ယောက် ဒီနေ့တွေ့ရှိပါတယ်။

သေဆုံးသူကလည်း ၂၄ ယောက်ရှိတဲ့အတွက် COVID-19 သေဆုံးသူ စုစုပေါင်း ၁,၂၈၂ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီနေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၂၂၆ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ COVID-19 အတည်ပြုလူနာတွေထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ စုစုပေါင်းက ၃၇,၉၅၄ ယောက်ဖြစ်ပါတယ်။

အတည်ပြုလူနာတွေ နေ့စဉ်ဆက်ရှိနေတာမို့ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျန်းမာရေးဆိုင်ရာ စည်းမျည်းတွေအတိုင်း လိုက်နာအောင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး မဲရုံတဝိုက်မှာ အထူးရဲတပ်ဖွဲ့ဝင်တွေက ကူညီ သတိပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဌာနပြောခွင့်ရက VOA မြန်မာပိုင်းကို ပြောပါတယ်။

မဲရုံတွေထဲမှာလည်း ပိုးသတ်ဆေးရာဖျန်းတာ၊ နှာခေါင်းစည်းဝေပေးတာတွေလုပ်ဖို့ အသင့်ပြင်ထားတယ်လို့ ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5645053.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၄,၆၀၇ ဦး၊ သေဆုံး ၁,၂၀၂ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၄,၆၀၇ ဦး၊ သေဆုံး ၁,၂၀၂ ဦး Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.