နောင်ချိုမြို့နယ် ကိုဗစ် စစ်ဆေးရေးဂိတ် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး


သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နေရာအား ကုန်တင်ကား တစီးဝင် တိုက်မိသဖြင့် ယာဉ်ထိန်းရဲတဦး နှင့် အရပ်သားတဦးသေဆုံးကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂ ရက် ည ၇ နာရီအချိန်တွင် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့ ဘက်သို့ မောင်း လာသည့် ကုန်တွဲကားသည် အရှိန်မထိန်းနိုင်သဖြင့် ယာဉ်လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲတဦး နှင့် အရပ်သားတဦးကို တိုက်မိခဲ့ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“ကုန်ကားက အရှိန်မထိန်းနိုင်လို့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်တယ်။ အဲ့နားက ယာဉ်ကြောရှင်းတဲ့ ယာဉ်ထိန်းရဲကိုထိတယ်။ သူကတော့ ပြင်ဦးလွင်ဆေးရုံမှာသွား ဆုံးတာ။ အရပ်သားကတော့ ပွဲချင်းပြီး သေဆုံးတယ်” ဟု နောင်ချိုရဲစခန်းမှ တာဝန်ကျ ရဲတပ်သားက ပြောသည်။

လက်ရှိမှာ ကုန်ကားမောင်းသည့် အသက် ၂၆နှစ် အရွယ်ရှိ မြင့်သိန်းကို နောင်ချို ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုဖွင့်ထားကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

နောင်ချိုမြို့နယ် ကိုဗစ် စစ်ဆေးရေးဂိတ် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး နောင်ချိုမြို့နယ် ကိုဗစ် စစ်ဆေးရေးဂိတ် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.