ဖားကန့်၌ မီးလောင်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ


ဖားကန့် နိုဝင်ဘာ ၁၁

 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ တောင်ယာရှင် တစ်ဦးပိုင်ဆိုင်သော တောင်ယာခြံဝန်းအတွင်း ယနေ့နံနက် ၉ နာရီခန့်က လူတစ်ဦး မီးလောင် သေဆုံးနေကြောင်း သိရသည်။

 သေဆုံးနေသူကို လုံးခင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ များမှ စစ်ဆေးရာ သေဆုံးသူမှာ နော့နော် (၁၈)နှစ်၊ လယ်ပြင်ကျေးရွာ၊ ရပ်ကွက်(၁)နေသူဖြစ်ပြီး ဦးခေါင်း တစ်ခုလုံးတွင် ထိုးသွင်းဒဏ်ရာများနှင့်အတူ မီးလောင်သေဆုံး နေကြောင်း သိရသည်။

 သေဆုံးသူအား သင်္ဂဟလူမှုကူညီရေးအသင်းကားဖြင့် လုံးခင်းတိုက်နယ်ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး လုံးခင်းနယ်မြေရဲစခန်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


တာလင်းမောင် (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဖားကန့်၌ မီးလောင်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ ဖားကန့်၌ မီးလောင်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.