ရွေးကောက်ပွဲမှာ ပလက်ဝပါဝင်မှု ခူမီးကောင်စီ ကျေးဇူးတင်

ချင်းပြည်နယ် တီးတိန်မြို့ စကောလမ်းရပ်ကွက် မဲရုံ(၁) ကမ်းဟောက်ခန်းမမှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲများရေတွက်စဉ် / Photo: Salai KT Haukhai/RFA

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် လူထုအသံပျောက်ပြီး ငြိမ်းချမ်းရေး ဝေးသွားနိုင်သလို စစ်ဘောင်တွေလည်း ပိုကျယ်လာနိုင်တာမို့ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို ကျေးဇူးတင်ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ မလုပ်ဖို့ မသေချာတဲ့အခြေအနေကနေ ပြည်သူတွေရဲ့ အသံကိုနားထောင် ပြီး ရွေးကောက်ပွဲလုပ်ဆောင်ပေးတဲ့ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရအဖွဲ့နဲ့ လုံခြုံရေးယူပေးတဲ့ တပ်မတော်ဘက် ကိုလည်း ကြိုဆိုတာကြောင့် ကြေညာချက်ထုတ်တာဖြစ်တယ်လို့ KACC က မိုင်နန်းဝေ က ဆိုပါတယ်။

နိုင်ဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွင်း ပါတီအသီးသီးကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး လိုအပ်တဲ့အခန်းကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက် ပေးကြဖို့လည်း KACC က ကြေညာချက်ထဲမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပေမယ့်လည်း ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်က ကျောက်တော်မြို့နယ် အပါအဝင် မြို့နယ်အတော်များများမှာတော့ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့ပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/khumi-thank-for-election-11192020222228.html

ရွေးကောက်ပွဲမှာ ပလက်ဝပါဝင်မှု ခူမီးကောင်စီ ကျေးဇူးတင်  ရွေးကောက်ပွဲမှာ ပလက်ဝပါဝင်မှု ခူမီးကောင်စီ ကျေးဇူးတင် Reviewed by THITHTOOLWIN on 00:42 Rating: 5

No comments:

Powered by Blogger.