တောင်ကြီးမြို့ရှိ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ခိုးယူထွက်ပြေးသွားသူနှစ်ဦးကို ဖမ်းဆီးရမိ


နေပြည်တော်  နိုဝင်ဘာ  ၉

ရှမ်းပြည်နယ်တောင်ပိုင်း   တောင်ကြီး မြို့၌  နိုဝင်ဘာ ၈ ရက်က ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ  ခိုးယူထွက်ပြေး သွားသူနှစ်ဦးကို  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်နံနက် ၁၁ နာရီ   ၅   မိနစ်ခန့်က  တောင်ကြီး                 မြို့ကန်ရှေ့ရပ်ကွက်ရှိ“လုံဝမ်” ရွှေဆိုင် သို့ အေးသာယာမြို့ (၁၂) ရပ်ကွက်နေ   ကျော်မင်းသိုက်(၃၆ နှစ်) နှင့်   ဇနီး ဖြစ်သူ ဒေါ်စန္ဒာ(ခ)မငယ်(၂၇ နှစ်) တို့   ရောက်ရှိလာပြီး ရွှေဝယ်ယူလိုကြောင်း  ပြောဆိုသဖြင့်   အရောင်းစာရေး ဝန်ထမ်း မတင်ဇာက ရွှေဆွဲကြိုးတစ် ကုံး၊ ရွှေဆွဲသီးတစ်ခု၊ ပတ္တမြားနားဆွဲ တစ်ရန်အားထုတ်၍ပြသစဉ်ကျော်မင်း သိုက်တို့နှစ်ဦး က အဆိုပါ   ရွှေထည် ပစ္စည်းများကို ယူဆောင်ထွက်ပြေး သွားသဖြင့်    ကန်ရှေ့ရပ်ကွက်ဈေး မီးပွိုင့်လမ်းဆုံ၌   လုံခြုံရေးတာဝန် ကျနေသော ရဲတပ်ဖွဲ့ဝင်များနှင့်  အနီး ရှိပြည်သူများက   ဝိုင်းဝန်းဖမ်းဆီး ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်  ပတ်သက်၍    ကျော်မင်းသိုက်နှင့် ဒေါ်စန္ဒာ(ခ)မငယ်  တို့အား  တောင်ကြီးမြို့မရဲစခန်း က  အမှုဖွင့်အရေးယူထားကြောင်း  သိရသည်။


ရဲပြန်ကြား

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

တောင်ကြီးမြို့ရှိ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ခိုးယူထွက်ပြေးသွားသူနှစ်ဦးကို ဖမ်းဆီးရမိ တောင်ကြီးမြို့ရှိ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ခိုးယူထွက်ပြေးသွားသူနှစ်ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.