ဗြိတိန်နဲ့ ဘရာဇီးလ်နိုင်ငံမှာ လူတွေနဲ့စမ်းသပ်နေတဲ့ Astra Zeneca ဆေးကုမ္ပဏီရဲ့ COVID-19 ရောဂါကာကွယ်ဆေးတွေ ကောင်းကောင်း ထိရောက်မှု ရှိတာတွေ့ရကြောင်းနဲ့ ကိုယ့်သဘောနဲ့ ကာကွယ်ဆေး ထိုးစမ်းသပ်ခံထားသူ တယောက်မှ ဆေးရုံတင်ရတာဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရဘူးလို့ ကုမ္ပဏီက တနင်္လာနေ့မှာပြောပါတယ်။
Oxford တက္ကသိုလ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Astra Zeneca ဆေးကုမ္ပဏီ က လူတွေကို ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးပြီး စမ်းသပ်နေတာပါ။ လူ ၃,၀၀၀ ကို ပထမဆေးတလုံးထိုးပြီးတဲ့အခါ ဆေးအာနိသင်ထိရောက်မှုက ပ ျှမ်းမ ျှ ၇၀ ရာခိုင်နှုန်းရှိပြီး တလအကြာမှာ ဒုတိယဆေးထိုးလိုက်တဲ့အခါမှာတော့ ၉၀ ရာခိုင်နှုန်းထိရောက်မှု ရရှိတယ်လို့ ဆိုပါတယ်။ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဒေတာအချက်အလက်တွေ ဆက်ပြီး ထုတ်ပြန်သွားဖို့ ရှိသလို ဆေးရဲ့ထိရောက်မှု၊ ဆေးအာနိသင် ဘယ်လောက်ခံသလဲဆိုတဲ့ လေ့လာဆန်းစစ်ချက်တွေထပ်လုပ်သွားဖို့ရှိတယ်လို့ ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။
ဆင်းရဲတဲ့တိုင်းပြည်တွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ အရှိန်မြင့် ထုတ်လုပ်ပေးနိုင်အောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဆီက အရေးပေါ်ဆေးထုတ်လုပ်ခွင့်တွေ တောင်းခံသွားဖို့ ရှိတယ်လို့လည်း Astra Zeneca ကပြောပါတယ်။ တချိန်ထဲမှာပဲ ဒီကြားကာလအတွင်း ကာကွယ်ဆေးထိရောက်မှု သုံးသပ်ချက်တွေကို ဆေးပညာစာစောင်မှာ ပုံနှိပ်ဖော်ပြသွားမယ်လို့လည်း ကုမ္ပဏီကပြောပါတယ်။ အမေရိကန် John Hopkins တက္ကသိုလ်စစ်တမ်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားရသူ ၅၉၈.၇ သန်းကျော်နဲ့ သေဆုံးသူ ၁.၃ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment