ဒီဇင်ဘာလမကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ AA တောင်းဆို

စစ်တွေမြို့နယ် သဲချောင်းရွာ မဲရုံမှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ် / Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က စာထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ရွေးကောက်ပွဲ မကျင်းပ နိုင် ခဲ့တာကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဆုံးရှုံးခဲ့ရသလို နိုင်ငံသား၊တိုင်းရင်းသားနဲ့ ဒီမိုက ရေစီအခွင့်အရေးတွေလည်း နစ်နာခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရေးဖို့ လိုလားတာကြောင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ကနေ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်း တိုးမြှင့်ထားတာလို့လည်း ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ပြောခွင့်ရသူတွေရဲ့ သဘောထားကို သိရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ ခုနဲ့ အခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းခဲ့ရတာကြောင့် မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံး ခဲ့ရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင် မယ့် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချော တို့ ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားပြီး ပြန်မလွှတ်သေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/aa-ask-by-election-held-in-rakhine-11122020053631.html

ဒီဇင်ဘာလမကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ AA တောင်းဆို  ဒီဇင်ဘာလမကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ AA တောင်းဆို Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.