“နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး

အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်မှာ COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၂၊ ၂၀၂၀)


ကမ္ဘာတဝန်းမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စံချိန်တင် မြင့်တက်နေပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်အတွင်း နေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ WHO အကြီးအကဲ Dr. Tedros Ghebreyesus က ဂျီနီဗာမြို့မှာ မနေ့က ပြောပါတယ်။

ကပ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတွေရဲ့ တုံ့ပြန်ပုံတွေ မတူသလို ထိခိုက်မှုတွေကလည်း မတူပါဘူး။ ပြီးခဲ့တဲ့တပတ်က တကမ္ဘာလုံးမှာဖြစ်တဲ့ ကူးစက်မှုရဲ့ ၇၀ ရာခိုင်နှုန်းက ၁၀ နိုင်ငံဖြစ်ပြီး အဲဒီထဲက ထက်ဝက်လောက်က နိုင်ငံ ၃ နိုင်ငံထဲက ဖြစ်တယ်လို့ Dr. Ghebreyesus က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉.၃ သန်းကျော်နဲ့ သေဆုံးသူ ၁.၁ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၆၃,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ကူးစက်သူ ၈ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အမေရိကန်က ပြည်နယ် ၄၄ ခုမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတယ်လို့ AP သတင်းရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူ ၂၁၈,၀၀၀ ကျော်ရှိတာကြောင့် ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

အဲဒီနောက် အိန္ဒိယနိုင်ငံက ၇.၄ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၂ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid19-who/5625220.html

“နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး “နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.