Samsung ကုမ္ပဏီဥက္ကဋ္ဌ ကွယ်လွန်

Samsung နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ Lee Kun-hee (ဝဲ)။ (ဧပြီ ၂၂၊ ၂၀၀၈)

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ နာမကျန်းဖြစ်နေသူ Samsung နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ Lee Kun-hee ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ Samsung TV ထုတ်လုပ်တဲ့ ကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး တခုအဖြစ် အသွင်ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။

Lee Kun-hee ဟာ ၂၀၁၄ မေလကတည်းက နှလုံးရောဂါ ခံစားရပြီးနောက်ပိုင်းမှာ ဆေးရုံတက် ကုသမှု ခံယူနေခဲ့ရတာကြောင့် သားဖြစ်သူ Lee Jae-yong က တောင်ကိုရီးယားမှာ အကြီးဆုံးဖြစ်တဲ့ Samsung နည်းပညာကုမ္ပဏီကို အုပ်ချုပ်နေတာပါ။

ကွယ်လွန်သူ Lee Kun-hee ဟာ Samsung Electronics Co. ကို သူ့ဖခင်ဆီကနေ အမွေဆက်ခံခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်း Smart ဖုန်းတွေ၊ TV နဲ့ Memory Chips တွေကို ထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာကျော် ကုမ္ပဏီကြီးတခု ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။

Samsung က Apple iPhone တွေနဲ့ Google Android ဖုန်းတွေနဲ့အပြိုင် Galaxy ဖုန်းတွေကိုလည်း ထုတ်လုပ်ရောင်းချနေတာပါ။

အာရှတွင်း စီးပွားရေးအရ စတုတ္ထအကြီးဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးမှာလည်း Samsung က အထောက်အကူ ဖြစ်နေပါတယ်။ သင်္ဘောတည်ဆောက်ရေး၊ အသက်အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ ပန်းခြံနဲ့ တခြားလုပ်ငန်းတွေမှာ Samsung က အထောက်အကူ ပေးနေတာဖြစ်ပြီး တောင်ကိုရီးယား အဓိက အစုရှယ်ယာစျေးကွက်မှာ Samsung နည်းပညာကုမ္ပဏီက ၂၀ ရာခိုင်နှုန်း သိမ်းပိုက်ထားပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလထုတ် Forbes မဂ္ဂဇင်းမှာ Lee Kun-hee ကို အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံလောက် ကြွယ်ဝချမ်းသာသူအဖြစ် ခန့်မှန်းဖော်ပြခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/samsung-chief-dies/5634830.html

Samsung ကုမ္ပဏီဥက္ကဋ္ဌ ကွယ်လွန် Samsung ကုမ္ပဏီဥက္ကဋ္ဌ ကွယ်လွန် Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.