ပျောက်ဆုံးနေသည့် မြောက်ဦးမှ လဝကဝန်ထမ်းကို ကြိုးဆွဲချ၍တွေ့

နိရဥၥရာ၊ ေအာက္တိုဘာ ၁ဝ / ၂ဝ၂ဝ

အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် မြောက်ဦးမြို့မှ လဝက ဝန်ထမ်းတစ်ဦးဖြစ်သူ  ကိုကျော်လင်းခိုင် (၃၇) နှစ်၏ အလောင်းအား ယနေ့ကြိုးဆွဲချ၍ တွေ့ရှိခဲ့ရသည်ဟု မိသားစုများက အတည်ပြု ပြောကြားသည်။  

သူ၏ အလောင်းအား အောက်တိုဘာ ၉ ရက် နေ့လယ်  ၁၂ နာရီအချိန်ခန့်က ရတနာ့မာရ်အောင်ဘုရား နောက်ဖက်လမ်းရှိ ဗားမိဗားကရား ဂူဘက်သို့ သွားသည့်လမ်းတွင် တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။

ဇနီးဖြစ်သူက “ သူ့အလောင်းကို မနေ့က မနက် ၁၂ နာရီလောက်မှာတွေ့တယ်။ သူက မြောက်ဦးလ-ဝ-က ရုံးမှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်လောက်ရှိပြီ။ သူက မင်းပြားကနေပြီး တနင်္လာနေ့ဆိုရင် ရုံးတက်ဖို့ သွားတယ်။ သောကြာနေ့ဆိုရင် မင်းပြားကို ပြန်လာတယ်။ နေတာကတော့ မင်းပြားမှာနေတာ။ သူ့မှာ လူတွေနဲ့ စကားများ ရန်ဖြစ်တာလည်း မရှိဘူး။ ရုံးကလူတွေလည်း စကားများတာမရှိဘူး။ ရုံးကလူတွေကလည်း သူအခုလို သေသွားတာကို အံ့သြနေတယ်” ဟုပြောသည်။

၎င်းသည် မြောက်ဦးလ-ဝ-ကရုံးတွင် (အမှုတွဲထိမ်း) တာဝန်ထမ်းဆောင်နေသော်လည်း မင်းပြားမြို့  ဥက္ကာပျံ ရပ်ကွက်တွင် မိသားစုနှင့် အတူ နေထိုင်သူဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ကနေပျောက်ဆုံးသွားခဲ့ပြီး မိသားစုနှင့် အဆက်အသွယ် မရဖြစ်နေခဲ့သည်ဟုဆိုသည်။  

၎င်း၏ရုပ်အလောင်းအား ယနေ့ မင်းပြား သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် သူဆုံးနေသူ၏ အလောင်းအား မြောက်ဦးဆေးရုံ (ရင်ခွဲရုံ) သို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့တွင် မင်းပြားသို့ ပို့ဆောင်ပေးခဲ့သည်ဟု မြောက်ဦးနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

“ အလောင်းက ပုပ်ပွနေပြီ၊ ဘယ်နေ့ကနေ သေတာလဲ မသိဘူး။ ဗားမိဗားကရားဂူဘက်ကိုသွားတဲ့ လမ်းနားက သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချပြီး သေနေတာ။ အဲဒီနားက တောတောင်ကို သွားတဲ့လူတွေမြင်လို့ သူသေဆုံးနေတာကို တွေ့ရတာ” ဟု ဦးကျော်ကျော်က ပြောသည်။


ထွန်းခိုင် (တောင်ရင်းကျွန်း)

Narinjara

https://www.facebook.com/narinjara.info

ပျောက်ဆုံးနေသည့် မြောက်ဦးမှ လဝကဝန်ထမ်းကို ကြိုးဆွဲချ၍တွေ့ ပျောက်ဆုံးနေသည့် မြောက်ဦးမှ လဝကဝန်ထမ်းကို ကြိုးဆွဲချ၍တွေ့ Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.