နမ္မတူတွင် ၂ ရက်ဆက်တိုက် လူသေအလောင်းများတွေ့



Share/Bookmark

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု အတွင်း ၂ ရက်ဆက်တိုက် သေဆုံး သူများ၏အလောင်းများ တွေ့ရှိရကြောင်းစုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁)ရက်နေ့လည်ပိုင်းက ကျောက်မဲမြို့နယ် ပန်လုံကျေးရွာ ရှိနေအိမ်တ လုံးတွင် ပုပ်ပွနေသည့် အလောင်း (၂)လောင်းတွေ့ရပြီး၊ အောက်တိုဘာ ၂၀ ရက်တွင်လည်း ပန်လုံ ကျေးရွာအနီး ပြောင်းဖူးခင်းထဲတွင် ပုပ်ပွနေသည့် အလောင်း တလောင်းတွေ့ရှိခဲ့ရကြောင်း နမ္မတူမြို့ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးချစ်မွှေး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြောင်းခင်းမှာတွေ့တဲ့အလောင်းကိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ကျနော်တို့လွှဲပေးလိုက်တယ်။ မနေ့ ကတွေ့တဲ့ အလောင်းကိုတော့ နမ္မတူဆေးရုံကိုလွှဲလိုက်ပြီး မနေ့ကပဲ သဂြိုဟ်လိုက်တယ်။ အပြင်ဒဏ်ရာဒဏ်ချက်တော့မတွေ့ရဘူး။ အလောင်းက ပုပ်ပွနေပြီ” ဟု ဦးချစ်မွှေး က ဆိုသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာ အတွင်း ၂ရက်ဆက်တိုက် ပုပ်ပွနေသည့် ရုပ်အလောင်းသည် မည်သည့် အဖွဲ့၊ မည်သူလက်ချက် ဆိုသည်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

“ အခုတလော နမ္မတူမြို့မှာ ဒီလိုဖြစ်တော့ စိတ်မကောင်းဘူး။ သိပ်မကြာသေးခင်ကလည်း ဆယ်ကျော်သက် အမျိုးသမီး မီးရှို့ခံရတယ်။ အခုကျနော်ပုပ်ပွနေတဲ့အလောင်းတွေ့တယ်။ ဒါတွေက တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီဆိုတာ ပြတာပဲ” ဟု နမ္မတူမြို့တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတလျှောက်ရှိ မြို့နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြားလည်းလှုပ်ရှားနေထိုင်သည့်နေရာဖြစ်ရာ တိုက်ပွဲ မကြာခဏဖြစ်ပွါးသကဲ့သို့ လက်သည်မပေါ်သည့် သတ်ဖြတ်မှုများလည်းမကြာခဏဖြစ်ပွါးခဲ့ပါသည်။ အဆိုပါဖြစ်ရပ်များသည် တရားဥပဒေစိုးမိုးမှုမရှိသဖြင့်ထိုသို့ဖြစ်ပွါးရခြင်းဖြစ်ကြောင်း ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြပါသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ