ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား


မန္တလေး ၃၀  အောက်တိုဘာ

မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံး ထည့်အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်း၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြားရှိ သရဖူစားသောက်ဆိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်နေစဉ် အဆောက်အဦ အပေါ်ထပ်အခန်းတွင် ပိတ်မိနေသည့် အမျိုးသား၊ အမျိုးသမီး (၁၁) ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၆၀)၊ အရန်(၁၃၀)၊ မီးငြိှမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၅)စီးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီကျော် အချိန်တွင် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင်ကို မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ်(၈)မြို့မရဲစခန်း၌  အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာ ၁၃ ရက်တွင်လည်း အလှပြင်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ငါးဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။


ဖြိုးအိ

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.