ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ စွဲချက်တင်

ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် / Photo: Khaymani Win‎/RFA

ဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို တရားရုံးက ဒီနေ့ ထောင်ပြေးမှုနဲ့ စွဲချက်တင်လိုက်ပြီး ဦးကျော်မြင့်ကတော့ သူမှာအပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ချမ်းအေးသာစံ မြို့နယ်တရားရုံးက တရားသူကြီး ဦးကျော်မျိုးဝင်း က ပြောပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေစဉ်မှာ ဆေးရုံကြီးဖျားနာဆောင် ၃ ကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပေါ်ပေါက်ခဲ့လို့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၄ အရ စွဲချက် တင်ခံရတာဖြစ်ပါတယ်။

ဒီနေ့တရားရုံးမှာ တရားလိုပြသက်သေ ၅ ယောက်ကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို အောက်တိုဘာလ၂၃ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။ နောက်တစ်ကြိမ် ရုံးချိန်းမှာ ဦးကျော်မြင့်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ နဲ့ စွဲဆိုထားတာမှာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဦးကျော်မြင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ မန္တလေးအိုးဘိုးထောင် ကနေ တရားရင်ဆိုင်နေရတာပါ။

ဒီကနေ့ ရုံးထုတ်ကို UDP ပါတီဝင်တချို့ လာရောက်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/udp-rose-party-kyaw-myint-court-10202020065544.html

ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ စွဲချက်တင်  ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ စွဲချက်တင် Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.