စစ်တွေမြို့နယ် ပျားလယ်ချောင်းတွင် နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး


နိရဥၥရာ၊ ေအာက္တိုဘာ ၁၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာအုပ်စု ပျားလယ်ချောင်းရွာသစ်ကျေးရွာတွင် အောက်တိုဘာ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်က နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မမြတ်နိုးသူ(၁၄)နှစ်ဖြစ်ကာ ယမန်နေ့နံနက်က သူငယ်ချင်းများနှင့် ပက်ကျိ၊ ခရုကောက်ရန် ပျားလယ်ချောင်းရှိ ရွာချောင်းကိုသွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်များက နိရဥ္စရာသတင်းဌာနအားပြောသည်။

အစ်ကိုဖြစ်သူ ကိုသိန်းလှမောင်က “ ပက်ကျိကောက်ဖို့ထွက်သွားကြတာပါ။ ၁၁ နာရီလောက်က။ ချောင်းကိုရောက်တော့ ရေဆင်းကူးကြရာမှာ နစ်တာပါ။ သိသိချင်းပဲ ရွာကလူတွေလိုက်သွားကြတယ်။ ၁၂ နာရီကျော်လောက်မှာ အလောင်းကို နစ်သွားတဲ့ နေရာနဲ့ မနီးမဝေးကရပါတယ်။ မကြည့်ရက်ဘူးပေါ့ဗျာ။ ကိုယ့်ညီမလေးဆိုတော့။ ဒဏ်ရာပါတယ်လို့ပြောနေကြတာက မျက်လုံးနားမှာ ငါးကိုက်ထားတာပါ။ ရိုးရိုးရေနစ်သေတာပါ။” ဟုသူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေချမ်းပြင်နယ်မြေခံရဲစခန်းမှ ရဲအရာရာရှိများရောက်ရှိလာပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သူကပြောသည်။

သူမ၏ ရုပ်အလောင်းအား ယမန့်နေ့ ညနေခန့်က ပျားလယ်ချောင်းရွာသစ်သို့ ပြန်သယ်ယူကာ ယနေ့ နံနက်က သင်္ဂြိုလ်ပေးခဲ့ကြောင်း သူက ဆက်ပြောသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

စစ်တွေမြို့နယ် ပျားလယ်ချောင်းတွင် နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး စစ်တွေမြို့နယ် ပျားလယ်ချောင်းတွင် နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.