သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၂၀ သြဂုတ်လ ၁၉ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်လာစဉ် / Photo: Myanmar State Counsellor Office
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နေပြည်တော်မှာ ကြိုတင်မဲပေးကြမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ အိမ်တော်သတင်း ထောက်တွေကို အွန်လိုင်းကတဆင့် အသိပေးခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ကြိုတင်ဆန္ဒမဲပေးဖို့ ပုံစံ (၁၅) တင်သွင်းထားပြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှာ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ကြိုတင်မဲပေးကြမှာ ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့် က သူ့မဲစာရင်းပါတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲပေးမှာဖြစ်ပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် ရွေးကောက်ပွဲမှာ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကိုယ့်ရဲ့မူလ မဲဆန္ဒနယ်တွေကို သွားရောက် မဲမပေးနိုင်သူတွေအတွက် ရည်ရွယ်ပြီး၊ အထူးကိစ္စရပ်တစ်ခုအနေနဲ့ ပုံစံ (၁၅) လျှောက်ထားပြီး ကြိုတင်မဲ ပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
ဒါ့အပြင် အသက် ၆၀ နှစ်နဲ့ အထက်မဲဆန္ဒရှင်တွေကိုလည်း ကြိုတင်မဲပေးနိုင်တယ်လို့ ခွင့်ပြုထားတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ အဲဒီသတ်မှတ်ချက်မှာ အကျုံးဝင်နေတာလည်း ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/winmyint-dassk-early-voting-10282020030819.html

No comments:
Post a Comment