မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၇,၂၀၅ ဦး၊ သေဆုံး ၉၁၄ ဦး

PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀) (အောက်တိုဘာ ၁၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၁၈၀ အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူ ၃၇,၂၀၅ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာ ၁၉,၁၀၄ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၁၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။ ဒီကနေ့ သေဆုံးသူက ၃၄ ယောက်ရှိတဲ့အတွက် COVID – 19 ကြောင့်သေဆုံးသူပေါင်း ၉၁၄ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၅၂၉,၂၁၃ ခု စစ်ဆေးပြီးခဲ့ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီး ကျန်းမာလာတဲ့သူ ၁၇,၅၆၈ ယောက်ရှိပါတယ်။

ရောဂါကူးစက်မှုနှုန်းအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြသလို တခြားဒေသတွေမှာလည်း ကူးစက်မှုတွေက တိုးလာနေတာပါ။ မန္တလေးတိုင်းမှာ ဒီသီတင်းပတ်ကုန်အတွင်း ကူးစက်သူ ၁၀၀ ကျော်ရှိပါတယ်။ မွန်ပြည်နယ်မှာ ရောဂါကူးစက်ခံထားရသူပေါင်းက ၅၀၀ ကျော်ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါပြင်းထန်တဲ့ COVID - 19 လူနာတွေကို သွေးရည်ကြည်ကုထုံးအသုံးပြု ကုသပေးနိုင်ဖို့ လိုအပ်တဲ့သွေးရည်ကြည်ကို ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာတဲ့သူတွေဆီက အလှူခံထားပါတယ်။ ရောဂါပျောက်ကင်းပြီး ၂၈ ရက် (သီတင်း ၄ ပတ်) ပြည့်ပြီးသူတွေထဲ အသက် ၁၈ နှစ်နဲ့ ၆၀ ကြားရှိသူတွေကို ရွေးချယ်ပြီး သွေးရည်ကြည်အလှူခံသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5627056.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၇,၂၀၅ ဦး၊ သေဆုံး ၉၁၄ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၇,၂၀၅ ဦး၊ သေဆုံး ၉၁၄ ဦး Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.